စိန်နဲ့အလှဆင်ထားပြီး 360-degree ကင်မရာပါဝင်တဲ့ ဒေါ်လာ ၁၃၀၀ တန် စမတ်ဖုန်း

စိန်ပွင့်တွေနဲ့ အလှဆင်ထားပြီး virtual reality ဓာတ်ပုံနဲ့ ဗီဒီယိုများအတွက် 360-degree ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း တစ်မျိုးကို Mobile World Congress မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။

Darling လို့ခေါ်ဆိုတဲ့ အဆိုပါ စမတ်ဖုန်းကို တရုတ်နည်းပညာ ကုမ္ပဏီ ProTruly က ဖန်တီးထားတာပါ။ ဒီစမတ်ဖုန်းမှာ ၅.၅ လက်မ display, ထိတွေ့စရာမလိုဘဲ အပူချိန်တိုင်းပေးမယ့် သာမိုမီတာတစ်ခုနဲ့13-megapixel ကင်မရာနှစ်ခုတို့ ပါဝင်ပါတယ်။

360-degree ကင်မရာဟာ ဓာတ်ပုံများကို ဘက်ပေါင်းစုံမှ ရိုက်ကူးပေးနိုင်ပြီး ကမ္ဘာလုံးပုံစံ image file တွေနဲ့ သိမ်းဆည်းပေးပါတယ်။ အဲ့ဒီ 360-degree ဓာတ်ပုံတွေကို YouTube နဲ့ Facebook မှာ ဝေမျှနိုင်တယ်လို့ Verge က ဖော်ပြခဲ့ပါတယ်။

အဆိုပါ Android ဖုန်းကို 1080p display, MediaTek processor, 4GB RAM, 64GB internal storage နဲ့ သုံးနိုင်ပါတယ်။

ကျောဘက်မှာ fingerprint sensor ပါဝင်ပြီး ဘက်ထရီက 3,560mAh ဖြစ်ပါတယ်။ ဘေးဘက်မှာ USB-C port တစ်ခု ပါဝင်ပါတယ်။

တန်ဖိုးအနေနဲ့ ဈေးသက်သာတဲ့ ပလတ်စတစ် မော်ဒယ်အတွက် ဒေါ်လာ ၆၀၀ ကျသင့်မှာဖြစ်ပါတယ်။ စိန်ပွင့်တွေနဲ့ အလှဆင်ထားတဲ့ မော်ဒယ်အတွက်က ဒေါ်လာ ၁,၃၀၀ ကျသင့်မယ်လို့ သိရပါတယ်။

Ref: DailyMail