
Apple ဟာ WWDC 2020 ပွဲကို ဇွန် ၂၂ ရက်ကနေ ၂၆ ရက် အထိ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အသစ်ဖြန့်ချိမယ့် iOS 14 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ iOS 14 မှာ လူသိသိပ်နည်းတဲ့ စိတ်ဝင်စားစရာ feature တွေပါဝင်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Widget stacks
Apple ဟာ iOS 14 အတွက် widget ဒီဇိုင်းသစ်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် Smart Stack widget ကို ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အသုံးလိုတဲ့ widget တွေကို ထည့်သွင်းထားပြီး အချိန်လိုက် ပြောင်းလဲနိုင်ပါတယ်။
App Library
Apple ဟာ iOS 14 မိတ်ဆက်တဲ့အချိန်မှာ App Library လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အချိန်တော်တော်များများ ယူခဲ့ပါတယ်။ သုံးစွဲသူတွေက download လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေက App Library ထဲရောက်ရှိသွားမှာပါ။ App တွေကို homescreen ကိုပေါ်လာအောင်လည်း ရွေးချယ်နိုင်ပါတယ်။
Safari တိုးတက်မှု
Apple ဟာ iOS 14 မှာ Safari အတွက် စာသားဘာသာပြန် လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ဝက်ဘ်ဆိုက် privacy သတင်းပို့ လုပ်ဆောင်ချက်နဲ့ password စောင့်ကြည့်ရေးတို့ ပါဝင်လာပါတယ်။
Car Keys အတွက် စွမ်းအင်သိမ်းဆည်း
Apple ရဲ့ အလန်းစား Car Keys က iPhone ဘက်ထရီကုန်သွားရင် ကားကို ဘယ်လို ဖွင့်ရမလဲဆိုတာ ပြသခဲ့ပါတယ်။ ဖုန်းဘက်ထရီ ကုန်သွားပြီးနောက် ၅ နာရီအထိ iPhone ကို ကားသော့အဖြစ် အသုံးပြုနိုင်ပါတယ်။
နားကြပ်
အကြားအာရုံ ချို့ယွင်းတဲ့သူတွေအတွက် accessibility လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားပါတယ်။ ကြိမ်နှုန်း တုံ့ပြန်မှုကို ချိန်ညှိထားပြီး ပျော့ပျောင်းတဲအသံကို အလွယ်တကူ ကြားနိုင်အောင့် မြှင့်ပေးပါတယ်။ AirPods Pro, AirPods, EarPods, Powerbeats, Powerbeats Pro နဲ့ Beats Solo Pro နဲ့အသုံးပြုနိုင်ပါတယ်။
AirPods လုပ်ဆောင်ချက်များ
Apple ဟာ AirPods မှာ ကျယ်ပြန့်တဲ့အသံပိုင်နဲ့ အလိုအလျောက် ချိတ်ဆက်မှုအပြင် ဘက်ထရီ သတိပေးချက် ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
Privacy လုပ်ဆောင်ချက်
App Store ပေါ်မှာ တစ်ကိုယ်ရေ အချက်အလက်တွေ အပြောင်းအလဲ ပြုလုပ်ခဲ့ကာ app ခြေရာခံ ထိန်းချုပ်မှုနဲ့ အနီးစပ်ဆုံး တည်နေရာတွေကို ရွေးချယ်ပေးပါတယ်။
ကင်မရာလုပ်ဆောင်ချက်များ
Apple ဟာ iOS 14 မှာ ကင်မရာ လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးမှုမြန်နှုန်း ၉၀ ရာခိုင်နှုန်း မြန်ဆန်လာပါတယ်။ ပထမဆုံးရိုက်ချက်က ၂၅ ရာခိုင်နှုန်း မြန်ဆန်ပြီး Portrait shot-to-shot ကတော့ ၁၅ ရာခိုင်နှုန်း မြန်ဆန်ပါတယ်။ iPhone 11 မှာပွဲထွက်လာတဲ့ QuickTake ဗီဒီယို လုပ်ဆောင်ချက်ကို အသုံးပြုမယ်ဆိုရင် ကင်မရာမလုတ်ကို ဖိနှိပ်ထားလိုက်တာနဲ့ လျင်မြန်တဲ့ ဗီဒီယိုကို ရိုက်နိုင်ပါမယ်။
FaceTime
FaceTime မှာတော့ picture-in-picture လုပ်ဆောင်ချက် ပါဝင်လာတဲ့ အတွက် အခြား app တွေအသုံးပြုပြီး FaceTime ကို ဆက်လက်အသုံးပြုနိုင်တယ်။ FaceTime ဗီဒီယိုတွေက တချို့ထုတ်ကုန်တွေမှာ 1080p အထိ ထောက်ပံ့ပေးပါတယ်။
Keyboard
အခုဆိုရင် keyboard မှာ emoji ကိုရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် keyboard မှာ third-party app အတွင်း contact ကိုဖြည့်သွင်းပေးနိုင်မယ့် autofill လည်းပါဝင်လာပါတယ်။
Music
iOS အတွင်းက Music app က အပြောင်းအလဲတွေ ရှိပါတယ်။ ဂီတ၊ သီဆိုသူနဲ့ playlist အသစ်တွေအတွက် home tab အသစ်ပါတယ်။ ဒါ့အပြင် plalist အဆုံးမှာ အလားတူပုံစံမျိုး plalist တွေအတွက် Autoplay လုပ်ဆောင်ချက် ပါဝင်လာပါတယ်။
Default app များ
သုံးစွဲသူက iOS မှာ default web browser နဲ့ mail client ကိုသတ်မှတ်နိုင်ပါတယ်။
Voice Memos
Voice Memos app က အသံသွင်းထားတဲ့ဖိုင်တွေကို folder ထဲမှာ စုစည်းပေးပါတယ်။ Smart Folders က Apple Watch အသံသွင်းဖိုင်၊ recently deleted နဲ့ Favorites တွေကို စုစည်းပေးပါတယ်။ အသံသွင်းရင်လည်း tap တစ်ချက်နဲ့ နောက်ခံဆူညံသံနဲ့ အခန်းတွင်း အသံပဲ့တင်ထပ်မှုကို လျှော့ချပေးပါတယ်။
SMS filtering
Apple ဟာ Messages app အတွင်း SMS ကိုစစ်ထုတ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီ app က ဝင်လာတဲ့ SMS တွေကို transactions, promotions ဒါမှမဟုတ် junk ဆိုပြီး အမျိုးအစားခွဲပေးပါတယ်။
စိုးထက်
Ref: GSMArena