စိတ်ပညာဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းဖွင့်မည်

စိတ်ပညာဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းကို ဇန်နဝါရီ ၃၀ ရက် နဲ့ ၃၁ ရက်တွေမှာ မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Covid-19 ဖြစ်ပွားနေစဥ်နဲ့ နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာညှိယူမှု ပြဿနာတွေကိုဖြေရှင်းခြင်း ခေါင်းစဥ်နဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး ပါမောက္ခဒေါက်တာခင်မြင့် (တာဝန်ခံ)၊ ပါမောက္ခဒေါက်တာတင်မာစမ်း (စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ်)၊ တွဲဖက်ပါမောက္ခ ဦးတင်အောင်မိုး (စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ်) တို့က သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ ငွေကျပ် သုံးသောင်းတိတိ ကျသင့်မှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခြင်းဖြင့် နေ့စဥ်ဘဝမှာ လူမှုဆက်ဆံရေးပတ်ဝန်းကျင်နဲ့ အဆင်ပြေစွာ ညှိယူနေထိုင်ခြင်း၊ ယနေ့ ကြုံတွေ့ခံစားနေရတဲ့ အဓိက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းခြင်း၊ ပြောင်းလဲနေတဲ့ လူမှုစီးပွားရေး ပတ်ဝန်းကျင် အထူးသဖြင့် ကပ်ရောဂါကြောင့် ပေါ်ထွန်းလာသည့် လူမှုဘဝအခြေအနေအသစ်များကို အောင်မြင်စွာ ညှိယူနေထိုင်ခြင်း၊ သင်တန်းမှရရှိလာသည့် အတွေ့အကြုံများကို မိမိ သာမက မိမိ ပတ်ဝန်းကျင်ရှိသူများကို မျှဝေပေးခြင်းအားဖြင့် လူမှုအကျိုးစီးပွားများ ဖော်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။

သင်တန်းကို အွန်လိုင်းမှ Zoom Application နဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း- ၀၁-၇၅၃၂၇၉၈၊ ၀၉၈၉၉၀၀၉၀၁၁ နဲ့ Viber – ၀၉၆၆၁၃၁၃၆၀၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««