စိတ်ကျန်းမာရေး သတင်းအချက်အလက်လမ်းညွှန်ကို Facebook မိတ်ဆက်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကတော့ ကမ္ဘာတစ်ဝန်း စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးဝါးအောင် တွန်းပို့နေပါတယ်။ Facebook ဟာ ကျွမ်းကျင်သူလမ်းညွှန်နဲ့ သတင်းအချက်အလက်နဲ့ စိတ်ကျန်းမာရေးရင်းမြစ်စင်တာအသစ်တစ်ခု လွှင့်တင်လိုက်ပါတယ်။

အဲဒီစင်တာက ဝန်ဆောင်မှုနဲ့ ထောက်ပံ့မှုပါဝင်တဲ့ အခြား app တွေနဲ့ လူမှုရေးမီဒီယာ platform သုံးစွဲသူတွေကို ချိတ်ဆက်ပေးတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Emotional Health ဟာ Facebook app ပေါ်က ရင်းမြစ်စင်တာတစ်ခုဖြစ်ပြီး NAMI, Kids Help Phone နဲ့ It’s OK To Talk အပါအဝင် ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်ပညာရှင်တွေက သတင်းအချက်အလက်နဲ့ tip တွေ ပါဝင်လာပါမယ်။

အဲဒီစင်တာကို တစ်ကမ္ဘာလုံးဆီ ဖြန့်ချိလိုက်ပြီး ဒေသတွင်း စိတ်ကျန်းမာရေးရုံး သတင်းအချက်အလက်ကို ဖော်ပြပေးပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««