စိတ္ခံစားမႈကို သိရွိႏိုင္မယ့္ ထုတ္ကုန္တစ္မ်ိဳးကို Amazon ဖန္တီးေန

[ Zawgyi ]

Amazon ဟာ သုံးစြဲသူခံစားမႈကုိ သိရွိႏိုင္တဲ့ က်န္းမာေရးဆိုင္ရာထုတ္ကုန္ကုိ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

Amazon အေနနဲ႔ လူသားစိတ္ခံစားမႈ သိႏိုင္ဖို႔ အသံနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့ wearable ထုတ္ကုန္ အေသးစိတ္အခ်က္အလက္ကုိ Bloomberg က စာရြက္စာတမ္းေတြ ကုိးကားေဖာ္ျပခဲ့ပါတယ္။ လက္ေကာက္ဝတ္မွာ ဝတ္ဆင္ႏိုင္တဲ့ထုတ္ကုန္ဟာ စမတ္ဖုန္း app နဲ႔ခ်ိတ္ဆက္ႏိုင္ၿပီး အသံအေပၚအေျခခံၿပီး စိတ္ခံစားမႈအပုိင္းကုိ အဓိပၸာယ္ေဖာ္ထုတ္ေပးႏိုင္ပါတယ္။ အဲဒီ နည္းပညာဟာ လူသားေတြနဲ႔ အျပန္အလွန္ ဆက္သြယ္ဖို႔ အကူအညီေပးႏိုင္တယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။

ထုတ္ကုန္စီမံကိန္း လွ်ိဳ႕ဝွက္အမည္က Dylan ျဖစ္တယ္လို႔ သိရပါတယ္။ အစီအစဥ္ကုိ သိရွိသူတစ္ဦးကေတာ့ beta စမ္းသပ္မႈကုိ စတင္ေနၿပီျဖစ္ပါတယ္။ စမ္းသပ္မႈမွာ စိတ္ခံစားမႈကို သိႏိုင္တဲ့ software ဒါမွမဟုတ္ ထုတ္ကုန္ကုိပဲ စမ္းသပ္ေနတာလားဆုိတာ မသိရပါဘူး။

Amazon အေနနဲ႔ သုံးစြဲသူ ႐ုပ္ပိုင္းဆိုင္ရာ ဒါမွမဟုတ္ စိတ္ခံစားမႈကို Alexa ကသိႏိုင္မယ့္နည္းလမ္းေတြကုိ ေဖာ္ျပထားတဲ့မူပိုင္ခြင့္ ၿပီးခဲ့တဲ့ေအာက္တုိဘာလက ရရွိခဲ့ပါတယ္။ အဲဒီမူပုိင္ခြင့္မွာ အမ်ိဳးသမီးတစ္ဦးက Alexa ထုတ္ကုန္ကုိ စကားေျပာဆိုေနတာကို ေဖာ္ျပထားပါတယ္။ Alexa အေနနဲ႔ အမ်ိဳးသမီးမွာ အေအးမိေရာဂါ ရွိေနတာကို သိရွိၿပီး ေခ်ာင္းဆိုးေပ်ာက္ေဆးေသာက္ဖုိ႔ ဒါမွမဟုတ္ ၾကက္ျပဳတ္ရည္ပူပူေလးေသာက္ဖုိ႔ အႀကံျပဳတာကုိ ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Amazon ဟာ သုံးစွဲသူခံစားမှုကို သိရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာထုတ်ကုန်ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Amazon အနေနဲ့ လူသားစိတ်ခံစားမှု သိနိုင်ဖို့ အသံနဲ့ထိန်းချုပ်နိုင်တဲ့ wearable ထုတ်ကုန် အသေးစိတ်အချက်အလက်ကို Bloomberg က စာရွက်စာတမ်းတွေ ကိုးကားဖော်ပြခဲ့ပါတယ်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ထုတ်ကုန်ဟာ စမတ်ဖုန်း app နဲ့ချိတ်ဆက်နိုင်ပြီး အသံအပေါ်အခြေခံပြီး စိတ်ခံစားမှုအပိုင်းကို အဓိပ္ပာယ်ဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီ နည်းပညာဟာ လူသားတွေနဲ့ အပြန်အလှန် ဆက်သွယ်ဖို့ အကူအညီပေးနိုင်တယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

ထုတ်ကုန်စီမံကိန်း လျှို့ဝှက်အမည်က Dylan ဖြစ်တယ်လို့ သိရပါတယ်။ အစီအစဉ်ကို သိရှိသူတစ်ဦးကတော့ beta စမ်းသပ်မှုကို စတင်နေပြီဖြစ်ပါတယ်။ စမ်းသပ်မှုမှာ စိတ်ခံစားမှုကို သိနိုင်တဲ့ software ဒါမှမဟုတ် ထုတ်ကုန်ကိုပဲ စမ်းသပ်နေတာလားဆိုတာ မသိရပါဘူး။

Amazon အနေနဲ့ သုံးစွဲသူ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုကို Alexa ကသိနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြထားတဲ့မူပိုင်ခွင့် ပြီးခဲ့တဲ့အောက်တိုဘာလက ရရှိခဲ့ပါတယ်။ အဲဒီမူပိုင်ခွင့်မှာ အမျိုးသမီးတစ်ဦးက Alexa ထုတ်ကုန်ကို စကားပြောဆိုနေတာကို ဖော်ပြထားပါတယ်။ Alexa အနေနဲ့ အမျိုးသမီးမှာ အအေးမိရောဂါ ရှိနေတာကို သိရှိပြီး ချောင်းဆိုးပျောက်ဆေးသောက်ဖို့ ဒါမှမဟုတ် ကြက်ပြုတ်ရည်ပူပူလေးသောက်ဖို့ အကြံပြုတာကို ဖော်ပြထားပါတယ်။

Ref: CNET