စားေသာက္ကုန္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္းဆုိင္ရာ သက္ေမြးပညာအခမဲ့သင္တန္း အပတ္စဥ္ (၂) သင္တန္းဆင္းပြဲက်င္းပ

[ Zawgyi ]

စားေသာက္ကုန္ထုတ္လုပ္ျခင္းႏွင့္ ၀န္ေဆာင္မႈေပးျခင္းဆုိင္ရာ သက္ေမြးပညာသင္တန္း (Food & Beverages Vocational Training) အပတ္စဥ္ (၂) သင္တန္းဆင္းပြဲအခမ္းအနားကို သင္တန္းေက်ာင္းရွိရာ လိႈင္သာယာမွာ ၾသဂုတ္ ၃၀ ရက္ (ယေန႔) က်င္းပခဲ့ပါတယ္။

အခမ္းအနားမွာ ၄ လ ၾကာ သင္ၾကားခဲ့တဲ့ သင္တန္းဆင္း ေက်ာင္းသား၊ ေက်ာင္းသူ ၅၂ ဦးကို ေအာင္ျမင္စြာ သင္တန္းေပးခဲ့တာျဖစ္ပါတယ္။ အဆိုပါသင္တန္းကို ပညာေရး၀န္ႀကီးဌာန လက္ေအာက္ရွိ နည္းပညာ၊ သက္ေမြးပညာႏွင့္ေလ့က်င့္ေရးဦးစီးဌာန နဲ႔ ေမတၱာအလင္းအသင္း (Myitta-A-Lin Association), Korea International Cooperation Agency (KDICA) နဲ႔ ကိုရီးယားႏုိင္ငံအေျခအစိုက္ WITH တို႔ပူးေပါင္းကာ အစိုးရနည္းပညာအထက္တန္းေက်ာင္း (လိႈင္သာယာ) မွာ ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

[ Unicode ]

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း (Food & Beverages Vocational Training) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို သင်တန်းကျောင်းရှိရာ လှိုင်သာယာမှာ သြဂုတ် ၃၀ ရက် (ယနေ့) ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ၄ လ ကြာ သင်ကြားခဲ့တဲ့ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၅၂ ဦးကို အောင်မြင်စွာ သင်တန်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန နဲ့ မေတ္တာအလင်းအသင်း (Myitta-A-Lin Association), Korea International Cooperation Agency (KDICA) နဲ့ ကိုရီးယားနိုင်ငံအခြေအစိုက် WITH တို့ပူးပေါင်းကာ အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။