စာအုပ်အရောင်းဝက်ဘ်ဆိုက် inyabookclub.com ကိုမိတ်ဆက်

AYA PAY ရဲ့ Community Project တစ်ခုအနေနဲ့ Inya Book Club စာအုပ်အငှါးနဲ့ စာပေဝန်ဆောင်မှုလုပ်ငန်းကို ပံ့ပိုးတည်ထောင်ပေးသော www.inyabookclub.com စာအုပ်အရောင်း ဝက်ဘ်ဆိုက် မိတ်ဆက်ခြင်းနဲ့ Inya Book Club တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ဩဂုတ် ၁၅ ရက်က AYA Bank (River View Office ) မှာ ကျင်းပခဲ့ပါတယ်။

inyabookclub.com မှာ အရောင်းရဆုံးစာအုပ်တွေကို စုစည်းဖော်ပြပေးထားတဲ့ Best Sellers ကဏ္ဍ၊ အသစ်ထွက်ရှိလာတဲ့ စာအုပ်တွေကို ဖော်ပြပေးထားတဲ့ New Books ကဏ္ဍအပြင် အခြားသော ကဏ္ဍများစွာကို ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် စာရေးဆရာတစ်ယောက်ချင်း စာအုပ်အမျိုးအစားနဲ့ ရှာဖွေနိုင်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။

အဆိုပါဝက်ဆိုက်မှာ AYA PAY Mobile Wallet အသုံးပြုသူတွေအနေနဲ့ မိမိနှစ်သက်ရာ စာအုပ်တွေကို AYA PAY နဲ့ ငွေပေးချေပြီး ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

-အောင်သူ