စာအုပ်ပေါင်း ၁.၄ သန်းကို Internet Archive မှာ အခမဲ့ ဖတ်ရှုနိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများ လူစုလူဝေးရှောင်ကြဉ်ပြီး အိမ်မှာပဲ နေထိုင်နေတာကြောင့် ကမ္ဘာတစ်ဝန်းက အသိုက်အဝန်းများစွာ အများပြည်သူစာကြည့်တိုက်တွေ ပိတ်ထားရပါတတယ်။ ဒီတစ်ပတ်မှာတော့ အင်တာနက်ပေါ်က Wayback Machine ကိုအသုံးပြုထားတဲ့ အွန်လိုင်းစာကြည့်တိုက် Internet Archive ကတော့ ကပ်ရောဂါကာလအတွင်း ဒီဂျစ်တယ်စာအုပ်တွေ ဖတ်ရှုနိုင်မယ့် အစီအစဉ်သစ်ကို ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ကလောက် Internet Archive အစီအစဉ်တစ်ခုဖြစ်တဲ့ Open Library ကတော့ ဒီဂျစ်တယ်နဲ့ scan လုပ်ထားနိုင်တဲ့ စာအုပ်တွေကို လူတွေဆီ ငှားရမ်းခဲ့ပါတယ်။ စာဖတ်သူတွေက browswer အတွင်း စာအုပ်ကို ဖတ်နိုင်သလို e-reader ဆီကိုလည်း download လုပ်နိုင်ပါတယ်။ စာဖတ်သူက တစ်ကြိမ်မှာ ကန့်သတ်ထားတဲ့ အရေအတွက်နဲ့ပဲ စာအုပ်တွေကို ငှားရမ်းနိုင်ပြီး ပြန်လည် ပေးအပ်ရမှာ ဖြစ်ပါတယ်။

အခုအပတ်မှာတော့ Open Library ကစာအုပ်များစွာကို အကန့်အသတ်မရှိ ငှားရမ်းခွင့်ပေးနေပါတယ်။ တကယ်လို့ တခြားသူတစ်ဦး စာအုပ်တစ်အုပ်ကို ငှားရမ်းထားတယ်ဆိုရင် အပြင်ကစာကြည့်တိုက်တွေလိုပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ Internet Archive က စာအုပ်ငှားရမ်းဖို့ စောင့်ဆိုင်းစာရင်းကို ဖယ်ရှားလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“Internet Archive ဟာ နိုင်ငံရဲ့ လေ့လာသူတွေအတွက် တာဝန်ထမ်းဖို့ National Emergency Library ကဖန်တီးလိုက်တဲ့ ကျွန်တော်တို့ရဲ့ စာကြည့်တိုက်အတွင်း စာအုပ်ပေါင်း ၁.၄ သန်း အတွက် စောင့်ဆိုင်းစာရင်းတွေကို ပယ်ဖျက်လိုက်ပါတယ်” လို့ Internet Archive ကရေးသားခဲ့ပါတယ်။ အခုပယ်ဖျက်မှုကို ၂၀၂၀၊ ဇွန် ၃၀ ဒါမှမဟုတ် အမေရိကန်နိုင်ငံ အရေးပေါ်ကာလပြီးဆုံးတဲ့အထိ ထားရှိသွားပါမယ်။

စိုးထက်
Ref: ArsTechnica