စာသင်ကျောင်းများအား နေထိုင်မှုပုံစံပြောင်းကာ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

စာသင်ကျောင်းများအား နေထိုင်မှုပုံစံပြောင်းကာ ပြန်ဖွင့်ရမှာ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါကြောင့် ကျောင်းများ အမြဲပိတ် ထား၍ မရကြောင်းနှင့် သင်ယူမှု၊ သင်ကြားမှုပုံစံ ပြောင်းလဲပြီး ကျောင်းများပြန်ဖွင့်ရမည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းတွေက အမြဲပိတ်ထားလို့လည်း မရဘူး။ ပြန်ဖွင့်ရတဲ့အခါ ကလေးတွေကို ခွာခွာထား ဖို့ဆိုရင် ဒီနိုင်ငံကကျောင်းတွေက တစ်တန်းတစ်တန်းမှာ ကျောင်းသား ကျောင်းသူတွေများတယ်။ ကျောင်းသား /သူ တစ်ဦးနှင့် တစ်ဦး ခပ်ခွခွာ စာသင်ရမည့်စနစ်ကို ကျင့်သုံးရမည့်ဖြစ်တာကြောင့် နေရာအခက်အခဲများရှိလာပါတယ်။ အခန်းတစ်ခန်းနေရာတွင် နှစ်ခန်း၊ သုံးခန်းလောက် ရှိမှသာ အဆင်ပြေမှာ ဖြစ်ကြောင်း ထည့်သွင်းစဉ်း စားသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ကျောင်းတွေကတော့ ပြန်ဖွင့်ရမှာပဲ။ ရောဂါပျောက်တဲ့အထိ ကျောင်းတွေစောင့်မယ့်ဆိုတာက မလွယ်ဘူး။ အချို့နိုင်ငံတွေမှာက အင်တာနက်ကနေ သင်တာတောင် မကျေနပ်တာတွေရှိတယ်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အွန်လိုင်းသင်ကြားမှုသည် စာသင်ခန်းအတွင်း သင်ကြားမှု၊ သင်ယူမှုနှင့် အလွန်ကွာခြားပြီး အမေရိကန်တက္ကသိုလ်အချို့တွင် ကျောင်းလခစရိတ်များ ကြီးမြင့်သဖြင့် အွန်လိုင်းသင်ယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

-ဝေဝေ