[ Zawgyi ]
ပညာေရးဝန္ႀကီးဌာန လက္ေအာက္ရွိ စာသင္ေက်ာင္းမ်ားကို mytel မွ Microsoft Office Suit Basic သင္တန္းမ်ားကို ပို႔ခ်ေပးမယ္လို႔ သိရပါတယ္။
mytel မွ အင္တာနက္ တပ္ဆင္ေပးထားတဲ့ ေက်ာင္းေတြသာမက အျခားေက်ာင္းေတြမွာရွိတဲ့ ေက်ာင္းသူ/ေက်ာင္းသားမ်ားကိုပါ သင္ၾကားေပးမည္႔ အစီအစဥ္ကို ညွိႏွုိင္းေဆာင္ရြက္ေန ေၾကာင္းသိရပါတယ္။
အဆိုပါ သင္တန္းေပးေရးကိစၥအတြက္ ပညာေရး၀န္ႀကီးဌာန၊ Mytel မွ တာ၀န္ရွိသူေတြနဲ႔ သင္တန္းေပးမယ့္ ပါတနာ ကုမၸဏီတစ္ခုတို႔က ညႇိႏႈိင္းေဆာင္ရြက္ေနၾကေၾကာင္း အင္တာနက္ေက်ာင္းေတာ္ Mytel ရဲ႕ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက အင္တာနက္ဂ်ာနယ္သို႔ ေျပာပါတယ္။
“ mytel က အင္တာနက္ တပ္ေပးထားတဲ့ ေက်ာင္းေတြအျပင္ တစ္ျခားေက်ာင္းေတြ Microsoft Office Suit Basic Training ေပးဖို႔ရာက ေဆြးေႏြးမွုအရ ၂၀၁၉ ဇန္န၀ါရီ၊ ေဖေဖာ္၀ါရီေလာက္ စမွာ ဆိုေပမယ့္ ပညာေရးဌာနနဲ႔ ညွိႏွုိင္းခ်က္အရ ေႏြရာသီ ေက်ာင္းပိတ္ရက္ေတြမွာ ျဖစ္မွာပါ၊ ၂၀၁၉ ေႏြရာသီေက်ာင္းပိတ္ရက္ေတြေပါ့” လို႔ေျပာပါတယ္။ ေက်ာင္းသားေက်ာင္းသူအားလံုးကို တစ္ၿပိဳင္တည္း သင္တန္းေပးဖို႔ မလြယ္ကူတာေၾကာင့္ သင္တန္းေပးမယ့္သူကို သင္တန္းေပးေမြးထုတ္တဲ့ စနစ္ကို ေဆာင္ရြက္ေပးမွာျဖစ္ေၾကာင္း သိရပါတယ္။
-ထြန္းထြန္း
[ Unicode ]
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းများကို mytel မှ Microsoft Office Suit Basic သင်တန်းများကို ပို့ချပေးမယ်လို့ သိရပါတယ်။
mytel မှ အင်တာနက် တပ်ဆင်ပေးထားတဲ့ ကျောင်းတွေသာမက အခြားကျောင်းတွေမှာရှိတဲ့ ကျောင်းသူ/ကျောင်းသားများကိုပါ သင်ကြားပေးမည့် အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်နေ ကြောင်းသိရပါတယ်။
အဆိုပါ သင်တန်းပေးရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာန၊ Mytel မှ တာဝန်ရှိသူတွေနဲ့ သင်တန်းပေးမယ့် ပါတနာ ကုမ္ပဏီတစ်ခုတို့က ညှိနှိုင်းဆောင်ရွက်နေကြကြောင်း အင်တာနက်ကျောင်းတော် Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ ပြောပါတယ်။
“ mytel က အင်တာနက် တပ်ပေးထားတဲ့ ကျောင်းတွေအပြင် တစ်ခြားကျောင်းတွေ Microsoft Office Suit Basic Training ပေးဖို့ရာက ဆွေးနွေးမှုအရ ၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက် စမှာ ဆိုပေမယ့် ပညာရေးဌာနနဲ့ ညှိနှိုင်းချက်အရ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ဖြစ်မှာပါ၊ ၂၀၁၉ နွေရာသီကျောင်းပိတ်ရက်တွေပေါ့” လို့ပြောပါတယ်။ ကျောင်းသားကျောင်းသူအားလုံးကို တစ်ပြိုင်တည်း သင်တန်းပေးဖို့ မလွယ်ကူတာကြောင့် သင်တန်းပေးမယ့်သူကို သင်တန်းပေးမွေးထုတ်တဲ့ စနစ်ကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရပါတယ်။