စာရင်းကိုင်သင်တန်းများ ဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒေါ်ဖြူဖြူစိမ့် BA(ENGLISH), DA(LCCI – UK), DIP COM ACC(LCCI – UK), ACCA (SKILL LEVEL) ကိုယ်တိုင်ဦးစီးသင်ကြားသော နိုင်ငံတကာအသိအမှတ်ပြု စီမံခန့်ခွဲမှုနှင့် စာရင်းကိုင် ဒီပလိုမာသင်တန်းများမှ LCCI level 1,2,3 (စာရင်းကိုင်ဒီပလိုမာသင်တန်းများ) , ACCA F1,2,3,5,7 (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS), MYOB, AUTOCOUNT (ကွန်ပျူတာ စာရင်းကိုင်) သင်တန်း တန်းခွဲသစ်တွေကို ပြန်လည် ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

LCCI Level I,II,III တွင် စာရင်းကိုင်ပညာကို အခြေခံသဘောတရားများမှ စတင်သင်ကြားပေးမှာဖြစ်ပြီး ပညာအရည်အချင်း ကန့်သတ်မှုမရှိဘဲ မည်သူမဆို တက်ရောက်နိုင်ကာ စာမေးပွဲအောင်မြင်ပါက လန်ဒန်မှ တိုက်ရိုက်ချီးမြှင့်ပေးအပ်တဲ့ Certificate ကို ရရှိမှာလည်း ဖြစ်ပါတယ်။ သင်တန်းမှာ LCCI က ချမှတ်တဲ့ Syllabus အတိုင်း သင်ကြားပေးမယ့် မေးခွန်းဟောင်းတွေနဲ့ အဖြေစာအုပ်ကိုလည်း အနီးကပ် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ LCCI Level III မှာ အဆင့်မြင့်တဲ့ စာရင်းသဘောတရားများ၊ စဉ်းစားဆင်ခြင်နိုင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှုများ စတဲ့ အတွေးအခေါ်ပိုင်းတွေကို ဦးစားပေး သင်ကြားပေးမှာဖြစ်ပြီး Level II တက်ပြီးသူ၊ B.Com ဘွဲ့ရ၊ မြန်မာ DA ဘွဲ့ရများ တိုက်ရိုက်တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ LCCI ဘာသာရပ်များ ထဲမှ အနည်းဆုံး (၃) ဘာသာ အောင်မြင်ပါက UK မှ တိုက်ရိုက်ချီးမြှင့်သော Diploma ကို ရရှိနိုင်တဲ့ သင်တန်းလည်းဖြစ်တယ်လို့ သိရပါတယ်။

အခြားသင်တန်းတွေဖြစ်တဲ့ ACCA F1,2,3,5,7 (ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS), MYOB, AUTOCOUNT (ကွန်ပျူတာ စာရင်းကိုင်) သင်တန်းတွေကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပုံမှန်တန်းခွဲတွေ တက်ရောက်နိုင်သလို ဝန်ထမ်းများအတွက်လည်း အထူးသီးသန့်အနေနဲ့ အချိန်ညှိနှိုင်းကာ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ သင်တန်း တန်းခွဲသစ်ကို မကြာမီ စတင်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၉ ၄၂၀၇ ၁၆၂၂၈ သို့ ကြိုတင်စာရင်းပေးသွင်းနိုင်မယ်လို့ သိရပါတယ်။

-ကျော်ဇေယျ