စာဖတ်သူတွေ အကြိုက်တွေ့စေမယ့် TCL NXTPAPER tablet

TCL ကတော့ CES ပြပွဲအတွင်း NXTPAPER ၈ လက်မ tablet ကို ပြသထားပါတယ်။ အခု tablet ကတော့ ထူးခြားပါတယ်။ TCL NXTPAPER မှာ စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ နောက်ခံမီးမလိုတဲ့ ရောင်စုံ display နဲ့ E Ink မျက်နှာပြင် နှစ်မျိုးစလုံး ပါဝင်လာပါတယ်။

မျက်နှာပြင်အရည်အသွေး 1440x 1080 နဲ့ ၈.၈၈ လက်မ မျက်နှာပြင်မှာတော့ reflective ဒီဇိုင်းအသုံးပြုထားသလို သဘာဝ အလင်းရောင်ကို ပြန်လည် အသုံးပြုထားတာကြောင့် စာဖတ်တဲ့အခါ မျက်လုံးကိုက်ခြင်း မရှိပါဘူး။ TCL NXTPAPER ဟာ E Ink ထုတ်ကုန်တစ်ခုထက် အရောင် contrast ပိုကောင်းပြီး သမားရိုးကျ tablet တစ်လုံးထက် ၆၅ ရာခိုင်နှုန်း စွမ်းအင် သက်သာစေပါတယ်။

TCL NXTPAPER မှာတော့ ကျောဘက်မှာ 8-megapixel နဲ့ ရှေ့ကင်မရာ 5-megapixel ပါဝင်ပြီး ဘက်ထရီ 5,500mAh ပါဝင်တဲ့အတွက် တစ်ရက်လုံး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Wi-Fi နဲ့ 4G ပါဝင်သလို Android 10 နဲ့ Google Assistant လည်းထောက်ပံ့ထားပါတယ်။ Tablet မှာတော့ ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်ပါတယ်။ TCL အနေနဲ့ NXTPAPER tablet ကိုတော့ ယူရို ၃၄၉ နဲ့ ၂၀၂၁ ဧပြီလမှာ စတင် တင်ပို့ရောင်းချပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««