စာပေအနုပညာ မူပိုင်ခွင့်နှင့် CMO များအကြောင်း သိကောင်းစရာအပိုင်း (၄) ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်မည်

စာပေမူပိုင်ခွင့်ဆိုင်ရာ စုပါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေအကြောင်း သိကောင်းစရာနှင့် စာပေမူပိုင်ခွင့်နှင့် ဆက်နွှယ်သော အခွင့်အရေးများနှင့်ပတ်သက်၍ အများပြည်သူများ သိရှိစေရန်အတွက် “စာပေအနုပညာ မူပိုင်ခွင့်နှင့် CMO များ အကြောင်း သိကောင်းစရာ အပိုင်း (၄) – Copyright and CMOs: Episode 4 ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်၊ ည ၇ နာရီမှာ Zoom Video Conferencing စနစ်အသုံးပြုပြီး ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ Zoom Registration ကို https://bit.ly/cmowebinar4 မှတစ်ဆင့်ပြုလုပ်နိင်သလို Facebook Event ဖြစ်တဲ့ https://fb.me/e/75HKNH5Mn မှလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း (Collective Management Organization) အခြေခံဆိုင်ရာအချက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းနဲ့ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် CMOများ အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူ ဦးမျိုးအောင် (ကော်မတီအဖွဲ့ဝင်၊ ထုတ်ဝေသူ) နဲ့အတူ ဦးအောင်စိုးဦး (ကော်မတီအဖွဲ့ဝင်၊ ဥပဒေပညာရှင်)၊ ဒေါ်ဆွေဇင်ထိုက် (ကော်မတီအဖွဲ့ဝင်)၊ မောင်မောင်ဖောင်တိန် (ကော်မတီအဖွဲ့ဝင်) တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««