စာကြည့်တိုက်နှင့် သုတပညာ အွန်လိုင်းသင်တန်း ထပ်မံဖွင့်လှစ်မည်

သီအိုရီနဲ့ လက်တွေ့ကို ပူးတွဲသင်ကြားပေးမှာ ဖြစ်ပြီး စာမေးပွဲထက် လက်တွေ့ လုပ်ဆောင်ရင်း တတ်မြောက်သွားအောင် ပံ့ပိုးသွားမယ့် စာကြည့်တိုက်နှင့် သုတပညာ (Library and Information Studies) အွန်လိုင်းသင်တန်း Batch – 3 ကို ဒီဇင်ဘာ ၁၉ ရက်မှာ စတင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ ကိုယ်ပိုင်စာကြည့်တိုက်၊ မိမိအဖွဲ့အစည်း (သို့) သုတေသနဌာနနဲ့ အဖွဲ့အစည်းများ သင်ကြားရေးဌာနများ နဲ့ NGOs/INGOs များမှာ ကိုယ်ပိုင် Resource Center များထားရှိ လိုသူများ၊ အသင်းအဖွဲ့နဲ့ နိုင်ငံရေးပါတီများရဲ့ ရုံးနဲ့သုတေသနဌာနများမှာ (knowledge management) လိုအပ် တဲ့စာကြည့်တိုက်များ တည်ထောင်လိုသူများ၊ ကိုယ်ပိုင်ကျောင်းများနဲ့ Private Colleges/universities မှာ စာကြည့်တိုက်လိုအပ်နေသူများ၊ သတင်းအချက်အလက်များနဲ့ စာအုပ်များကို စနစ်တကျထားသိုလိုသူများ၊ မူကြိုကျောင်းများမှာ ကလေးသူငယ်များ အတွက် ကလေးစာကြည့်တိုက် မိမိအဖွဲ့အစည်း (သို့) သုတေသနဌာနနဲ့ အဖွဲ့အစည်းများမှာ စာကြည့်တိုက်ဖွင့်လိုသူများ၊ ကလေးစာကြည့်တိုက်လေး ထားရှိလိုသူများ အတွက် လိုအပ်မယ့် Knowledge & Skills တွေကို သင်ကြေားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ PhD (ပါရဂူဘွဲ့) ကို စာကြည့်တိုက်နှင့် သုတပညာ နဲ့ရရှိထားပြီး စာကြည့်တိုက်လုပ်ငန်း အတွေ့အကြုံ ၁၅ နှစ်ရှိသူဖြစ်တဲ့ ဒေါက်တာ နော်မာစီစည်းစိမ်စိုး ကသင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကြေး ခြောက်သောင်းကျပ် ဖြစ်ပြီး သင်တန်းကာလကတော့ ခြောက်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ ညပိုင်း ၅ နာရီမှ ၇ နာရီ အထိ ဖြစ်ပါတယ်။ အွန်လိုင်းစာကြည့်တိုက်သုံးစွဲခွင့်ကိုလဲ ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၉၅၄၄၂၂၁၂၂ မှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««