စမတ်မျက်မှန်နဲ့ Yoga 7i Pro အတွက် OLED မော်ဒယ်ကို Lenovo မိတ်ဆက်

Lenovo ဟာ CES ပြပွဲမှာတော့ ThinkReality A3 စမတ်မျက်မှန်နဲ့ Yoga Slim 7i Pro အတွက် OLED display မော်ဒယ်ကို ပြသခဲ့ပါတယ်။

ThinkReality A3 စမတ်မျက်မှန်ကတော့ အလုပ်အကိုင်စီးဆင်းမှုနဲ့ လေ့ကျင့်ရေးကို အထောက်အကူပေးမယ့် augmented reality (AR)၊ virtual မော်နီတာ၊ 3D ပုံရိပ်ဖော်တာတွေကို ထောက်ပံ့ပေးပါတယ်။ မျက်မှန်ကိုတော့ USB-C ကတစ်ဆင့် ကွန်ပျူတာ ဒါမှမဟုတ် Motorola စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ရပါမယ်။ စမတ်မျက်မှန်ကိုတော့ လုံခြုံမှုနဲ့ အကြမ်းခံမှုအတွက် ကိုင်းတွေ ရွေးချယ်လို့ရပါတယ်။ စမတ်မျက်မှန်မှာ Qualcomm Snapdragon XR1 Platform နဲ့ stereoscopic 1080p display တွေပါဝင်ပြီး သုံးစွဲသူတွေက virtual display ၅ ခုအထိ ကိုယ်စားပြုပေးနိုင်ပါတယ်။

ကင်မရာကတော့ RGB 8MP ဖြစ်ပြီး ဗီဒီယို 1080p နဲ့ dual fish-eye ကင်မရာ ထောက်ပံ့ထားပါတယ်။ ကွန်ပျူတာနဲ့ မိုဘိုင်း workstation ချိတ်ဆက်နိုင်တဲ့ စမတ်မျက်မှန်ကတော့ virtual မော်နီတာအမျိုးမျိုး အသုံးပြုနိုင်ပြီး Windows software tool နဲ့ application တွေအသုံးပြုနိုင်ပါတယ်။ အခြားဗားရှင်း Industrial Edition ကတော့ Motorola စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပြီး ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်အတွင်းက AR ထောက်ပံ့မှုလုပ်ငန်းတွေကို ကိုင်ကွယ်နိုင်ပါတယ်။

ThinkReality software platform ကိုလည်း ထောက်ပံ့ထားတဲ့အတွက် စီးပွားဖြစ်အသုံးပြုဖို့ စိတ်ကြိုက် တည်ဆောက်နိုင်ပါတယ်။

အဲဒီ platform မှာ remote ထောက်ပံ့မှု၊ လမ်းညွှန်အလုပ်စီးဆင်းမှုနဲ့ 3D ပုံရိပ်ဖော်နည်းပညာတွေ ပါဝင်လာပါတယ်။

Lenovo AR ထုတ်ကုန်တွေမှာ ThinkReality A3 စမတ်မျက်မှန်နဲ့ A6 headset တွေပါဝင်လာပါတယ်။ ThinkReality A6 ထဲမှာ sensor အမျိုးမျိုး ပါဝင်ပြီး တိုးချဲ့နိုင်တဲ့ memory နဲ့ 1080p ရုပ်ထွက်အရည်အသွေး waveguide optics နဲ့ ခေါင်းမှာ တပ်ဆင်လို့ရတဲ့ display အတွက် ဘက်ထရီကိုလည်း ဖြုတ်နိုင်၊ တပ်နိုင်ပါတယ်။ Lenovo ဟာ ၁၄ လက်မအရွယ် Yoga Slim 7ii Pro laptop ကိုတော့ LCD ဒါမှမဟုတ် OLED display ရွေးချယ်နိုင်အောင် လုပ်ပေးလိုက်ပါတယ်။

Lenovo Yoga Slim 7i Pro အသစ်မှာတော့ ၁၄ လက်မ OLED 90Hz panel ပါဝင်ပြီး နောက်ဆုံးပေါ် ၁၁ ခုမြောက် Intel Core မိုဘိုင်းပရိုဆက်ဆာနဲ့အတူ Intel Iris Xe graphics ဒါမှမဟုတ် NVIDIA GeForce MX450 အထိ ပါဝင်လာပါတယ်။

-စိုးထက်
Ref: Channellife

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««