
LG အနေနဲ့ အသစ်ထွက်ရှိမယ့် ဖုန်းအမည်က Wing ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။
Wing ထုတ်ကုန်မှာ မျက်နှာပြင် ၂ ခု ပါဝင်ပြီး ဆုံလည် လှည့်နိုင်ပါတယ်။ ဖုန်းမျက်နှာပြင် ၂ ခုကို T ပုံသဏ္ဍာန် လှည့်နိုင်တယ်လို့ ဗီဒီယိုတစ်ခုမှာ ထုတ်ဖော်မိတ်ဆက်ထားပါတယ်။
Wing မှာ 5G ထောက်ပံ့မှု ကျောဘက်ကင်မရာ ၃ လုံး 64-megapixel ၊ Snapdragon 7 စီးရီး ပရိုဆက်ဆာပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ LG ရဲ့ Explorer Project ဆိုတဲ့ စီမံကိန်းအောက်က ပထမဆုံးထွက်ရှိမယ့်ဖုန်း ဖြစ်လာပါမယ်။ LG ဟာ Explorer Project ဆိုတဲ့ စီမံကိန်းနဲ့ အထိုင်ချထားတဲ့ သုံးစွဲသူ သတ်မှတ်ချက်ဖုန်းတွေကို စိန်ခေါ်ပြီး မိုဘိုင်းထုတ်ကုန်တွေနဲ့ ဆက်သွယ်မှုကို နည်းလမ်းသစ်တွေ ရှာဖွေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Wing ဟာ သမားရိုးကျ စမတ်ဖုန်းတွေ မဖန်တီးနိုင်တဲ့ ကိစ္စနဲ့ မိုဘိုင်းအတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်မယ်လို့လည်း LG ကပြောခဲ့ပါသေးတယ်။
-စိုးထက်
Ref: TheVerge
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««