စမတ်ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်း

အရင်ခေတ်ကတော့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တော့မယ်ဆိုရင် သက်ဆိုင်ရာ ကင်မရာတွေ သယ်ဆောင်သွားရတဲ့ အနေအထားပါ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ ကိုယ့်မှာဆက်သွယ်ရေးမ ပြတ်တောက်ဖို့ သယ်ဆောင်အသုံးပြတဲ့ စမတ်ဖုန်းနဲ့တင် ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးလာနိုင်ပါပြီ။ အရင်တစ်ခေတ်တစ်ခါက စမတ်ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တယ်ဆိုတာကလည်း မိမိအတွက် မှတ်တမ်းလောက်ပဲ ရိုက်နိုင်တဲ့အရည်အသွေးပဲ ရှိနေသေးသလို စမတ်ဖုန်းရဲ့ ပုံထွက်၊ ရုပ်ထွက် အရည်အသွေးကလည်း ကန့်သတ်ချက်တွေ ရှိနေပြန်ပါသေးတယ်။

အခုကာလမှာတော့ စမတ်ဖုန်းရဲ့ ရုပ်ထွက်/ပုံထွက် အရည်အသွေးက အချို့သော ကန့်သတ်ချက်တွေကို မရိုက်ချိုးနိုင်ပေမယ့်လည်း အသင့်အတင့်ပါဆိုတဲ့ အဆင့်ထက် ကျော်လွန်နေပြီဖြစ်ပါတယ်။

ကဲ… ဒါဆိုရင် မိမိကိုင်ဆောင်တဲ့ စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တော့မယ်ဆိုရင် ပုံထွက်/ ရုပ်ထွက် အရည်အသွေးတွေပိုမြင့် လာအောင်ဆောင်ရွက်ပံ့ပိုးပေးမယ့် ဆက်စပ်ပစည်းတွေက ဘာတွေလဲ။ ဗီဒီယို၊ ဓာတ်ပုံတို့ဟာ အနုပညာမြောက်စွာ၊ စိတ်ကူးစိတ် သန်းကောင်းစွာ ဖော်ကျူးထားမှ ပုံကောင်း၊ ဗီဒီယိုကောင်း ဖြစ်တယ်ဆိုတာဟာ မှန်ကန်ပေမယ့် အဲဒီစိတ်ကူး၊ စိတ်သန်းနဲ့ အနုပညာကို ပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးတာက Hardware & Software တွေပါပဲ။

စမတ်ဖုန်း ဓာတ်ပုံအတွက် Hardware

Tele, Wide, Fish eye, Macro Lens နဲ့ CPL Lens တွေပါ။ စမတ်ဖုန်း အမျိုးအစားမရွေးမှာ တပ်ဆင်လို့ အဆင်ပြေအောင် ကလစ်ညှပ်ပုံစံနဲ့ ထုတ်ထားတာများပါတယ်။ တစ်မျိုးချင်းဝယ်ယူနိုင်သလို All in one ထဲမှာ အားလုံး ပါ၀င်တဲ့အရာပါ။ Tele အနေနဲ့ 12 x ကနေ 30x အဆအထိ ဆွဲယူနိုင်ပြီး ကိုယ့်စမတ်ဖုန်းကင်မရာရဲ့ Zoom စွမ်းရည်ကို မြှင့်တင်ပေးမှာပါ။ Wide Lens ကတော့ အခန်းကျဉ်းရိုက်ကူးမှုတွေမှာ တစ်ခါတလေ အသုံးပြုမှုရှိပေမယ့် အ များစုကတော့ ရှုခင်းပုံတွေကို မြင်ကွင်းကျယ်အနေအထားနဲ့ ရိုက်ယူလိုတဲ့ အခါမှာ အသုံးပြုကြပါတယ်။ သူကသာမာန်ဖမ်းယူနိုင်တဲ့ မြင်ကွင်းထက်ပိုပြီး နောက်ဆုတ် ကြည့်ပေးတဲ့ အနေအထားတွေရမှာပါ။ Fish eye Lens ကတော့ Wide Lens ထက် မြင်ကွင်းကျယ်မြင်ကွင်းမျိုးတွေ ရရှိပြီး Angle of View ကို 198° အနေအထားထိ မြင်ရမှာဖြစ်လို့ သာမာန်ထက်ထူးခြားတဲ့ ပုံရိပ်တွေ ရယူနိုင်မှာဖြစ်ပါတယ်။

Macro Lens ဆိုတာကတော့ ပန်းပွင့်တွေ အကောင်သေးလေးတွေကို အနီးကပ်ရိုက်တဲ့အခါနဲ့ အသေးစိတ်ပုံရိုက်ယူရာမှာ အသုံးပြုပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းကင်မရာရဲ့ Lens ဆိုတာက ဖိုးကပ်ဖြတ်ပေးနိုင်တဲ့ အနီးကပ်ဆုံး အနေအထားမှာ ကန့်သတ်ချက်ရှိပါတယ်။ ရိုက်မယ့်အရာရဲ့ အနီးဆုံးဆိုရင်ဖိုးကပ် မဖြတ်ပေးနိုင်ပါဘူး။ ဖိုးကပ်ဖြတ်ပေးနိုင်တဲ့ အကွာအဝေးပမာဏကနေပြီး ရိုက်မယ်ဆိုရင်လည်း ရိုက်ယူမယ့်အရာရဲ့ ပုံကပမာဏ သေးသွားတာ၊ အသေးစိတ်လက္ခဏာ ဆုံးရှုံးသွားတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အနီးကပ်တေ့ ရိုက်ဖို့အတွက် Macro Lens က မရှိမဖြစ်ပါ။ နောက်တစ်ခုက CPL Filter တပ် ထားတဲ့ CPL Lens ကတော့ရှိ ရင်းစွဲ အလင်းပမာဏထက်လျှော့ ချပေးနိုင်လို့ အချို့သော ရိုက်ကူး မှုတွေအတွက် အရေးပါပါတယ်။

Tripod ကလဲ လိုအပ်ပါတယ်။ စမတ်ဖုန်းနဲ့ Long Exposure ပုံတွေရိုက်တာ။ ရှုခင်းပုံတွေကို စနစ်တကျ ရိုက်ကူးတဲ့ အခါတွေ အုပ်စုဖွဲ့ ရိုက်ကူးမှုတွေမှာလို အပ်ပါတယ်။ All in one ထဲမှာ တစ်ပါတည်း ပါ၀င်တဲ့ ပစ္စည်းဖြစ်ပေမယ့် အဲဒီ All in one ထဲက Tripod အများစုကတော့ စိတ်ကြိုက်အသုံးပြု နိုင်ဖို့အဆင်မပြေပါဘူး။ ပြည်တွင်း စျေးကွက်ထဲမှာ Selfie Stick အနေနဲ့ရော Tripod အနေနဲ့ပါ 2 in 1 အသုံးပြုနိုင်တဲ့ Tripod တွေကိုလည်း စျေးသက်သက်သာ သာနဲ့ ဝယ်ယူနိုင်ပါတယ်။

နောက်တစ်ခုကတော့ Bluetooth Shutter Release ပါ။ Bluetooth စနစ်နဲ့ ချိတ်ဆက်ရတာဖြစ်ပြီး စမတ်ဖုန်းနဲ့ Long Exposure ပုံတွေရိုက်တာ မိမိပုံ မိမိပြန်ရိုက်တဲ့အခါမှာ Selfie မဆွဲဘဲ အခြားတစ်ယောက်ကနေ ရိုက်ပေးထားတဲ့ အနေအထားနဲ့ ရိုက်လိုတဲ့အခါမှာ စမတ်ဖုန်းကင်မရာရဲ့ Shutter ကို နှိပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ အဲ့ဒါလည်း ပြည်တွင်းစျေးကွက်မှာ ၀ယ်လို့ရပါတယ်။

စမတ်ဖုန်း ဓာတ်ပုံအတွက် Software

စမတ်ဖုန်းဓာတ်ပုံအတွက် Software ကတော့ ရိုက်ကူးရေးအတွက်ရော ပုံပြင်ဖို့အတွက်ရော နှစ်မျိုးစလုံးရှိပါတယ်။ ရိုက်ကူးရေးအပိုင်းမှာ Android OS သုံး တွေအတွက် A better Camera , Camera FV-5 ဆိုတာ ပိုပြီး အဆင်ပြေပါတယ်။ iOS မှာတော့ Pro Camera , Camera +2 စ တာတွေက အဆင်ပြေပါတယ်။ မိမိစမတ်ဖုန်းမှာပါတဲ့ ကင်မရာ ကို Speed, Aperture , ISO အပြင် အခြားသော လုပ်ဆောင်မှုတွေကိုလည်း မိမိစိတ်ကြိုက် manual ထိန်းကျောင်းနိုင်တဲ့ app တွေဖြစ်ပါတယ်။ Android OS သုံးတွေအတွက် အခမဲ့ပေးသုံးတတ်ပေမယ့် iOS အတွက်တော့ ၀ယ်ယူသုံးစွဲမှ ရပါတယ်။

ရိုက်ပြီးသားပုံတွေကို ပြန်ပြင်ဖို့အတွက် အကောင်းဆုံးကတော့ စမတ်ဖုန်းသုံး app ဖြစ်တဲ့ Snapseed နဲ့ Lightroom လို့ နှစ်မျိုးပဲညွှန်းပါရစေ။ သုံးရတာအဆင်ပြေ အသေးစိတ်ရရှိပြီး iOS ရော Android OS ပါ အခမဲ့ Download ရယူအသုံး ပြုနိုင်ပါတယ်။

စမတ်ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးဖို့ Hardware

အရင်တစ်ပတ်က Camera Q &A ထဲမှာလည်း ဖော်ပြထားဖူးပါတယ်။ အသုံးလိုတာကတော့ အဓိကက Mobile Phone Stabilizer ပါ။ ဗီဒီယို ရိုက်ကူးတဲ့အခါမှာ လက်တုန်ခါမှုကြောင့် ပုံတွေ လှုပ်ခါမှုမဖြစ်အောင်ထိန်းတဲ့ နေရာမှာတွေ၊ Mobile Phone ကို ရိုက်ကူးမှုအတွက် ထိန်းကျောင်းတဲ့ အခါတွေနဲ့ Mobile Phone ကို ပိုပြီးသက်သောင့်သက်သာနဲ့ ကိုင်တွယ်ပြီး ဗီဒီယိုရိုက်တဲ့ အနေအထားတွေမှာ အသုံးချရပါတယ်။ အချို့ Mobile Phone Stabilizer တွေဆိုရင် LED မီးတွေ၊ အသံဖမ်း Mic တွေထပ် ပိုးတပ်ဆင်လို့ရအောင် ဒီဇိုင်းထွင်ထားကြပါတယ်။ ပြည်တွင်း စျေးကွက်ထဲမှာတော့ Mobile Phone Stabilizer တွေကို အနည်းဆုံးလေးသောင်းကျပ် လောက်ကနေပြီး တစ်သိန်းခွဲကျပ် အကျော်အထိ အစားစား ရှိပါတယ်။

နောက်ထပ် ကိုယ်ဗီဒီယိုရိုက်မယ့် အနေအထားက Live လွှင့်သလို ၊ တရားပွဲ၊ ဟောပြောပွဲတွေကို ရိုက်သလိုမျိုးတစ်နေရာ တည်းကိုပဲချိန်ပြီး အချိန်ကြာ မြင့်စွာ ရိုက်ရမယ့်အနေအထားဆို ရင်တော့ Mobile Phone ကိုသုံး ချောင်းထောက် Tripod နဲ့ရိုက် ဖို့ မိုဘိုင်းဖုန်းသုံး Tripod လိုပါ တယ်။ အဲ့ဒါလည်း စျေးနှုန်းသက် သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။

LED မီး၊ သူလဲ အရေးပါအရာ ရောက်ပါတယ်။ အခန်းတွင်းနဲ့ ပတ်ဝန်းကျင် အလင်းပမာဏမ လုံလောက်ရင် အသုံးပြုဖို့ပါ။ DSLR Camera , Mirrorless Camera & Video Camera သုံး လင်းအားကောင်း LED မီးဗန်း အကြီးတွေနဲ့ တွဲဖက်အသုံးပြုနိုင် ပါတယ်။ သုံးစွဲမယ့် ငွေကြေးလျှော့ချင်တာ သယ်ရဆောင်ရလွယ်ကူတာ ဆိုတာမျိုးဆိုရင်တော့ Portable LED မီးငယ်လေးတွေရှိသလို ဟန်းဆက်နဲ့ တွဲသုံးဖို့ သီးသန့်ထုတ် အိပ်ဆောင် LED မီးငယ်တွေလည်းစျေးကွက်ထဲမှာ အလွယ်တကူရနိုင်ပါတယ်။ Online Shop , Vlogger နဲ့ တစ်ကိုယ်ရေ Live လွှင့်ဖို့သုံးမယ်ဆိုရင်တော့ မီးလုံးအကွေးဝိုင်းတွေ Ring Light တွေ သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

နောက်လိုအပ်တာက အသံဖမ်း Mic ပါ။ မိုဘိုင်းဖုန်းနဲ့ဗီဒီယို ရိုက်ကူး၊ အင်တာဗျူး၊စကားပြောဆိုမှု အသံဖမ်းတဲ့အခါ မိုဘိုင်းဖုန်းမှာ ပါ၀င်တဲ့ အသံဖမ်းစနစ်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးတဲ့ အရာပါ။ အဲ့ဒါကို အသုံးပြုမယ်ဆိုရင် အသံထွက် အရည်အသွေး ပိုကောင်းတာပေါ့။ မလိုလားအပ်တဲ့ ပတ်ဝန်းကျင်ကဆူညံသံတွေကို ပယ်ဖျောက်ပြီး မိမိအလိုရှိတဲ့ အသံကိုပဲ အရည်အသွေးကောင်းကောင်းနဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Mic ကို ကော်လံမှာတပ် လို့ရတဲ့ အနေအထားနဲ့ ကြိုးမဲ့ရော ကြိုးနဲ့ပါ စျေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ကြိုးမဲ့ဆိုရင်တော့ စျေးနည်းနည်း ပိုပေးရမှာပေါ့။ ပြီးတော့ Grip နဲ့ တစ်ခါတည်း တပ်လို့ရတဲ့ Mic လည်း ရှိပါသေးတယ်။

နောက်ပြီး Universal Smart Phone Video kit ဆိုတာလဲ စျေးကွက်ထဲမှာ ဝင်ရောက်နေပါ ပြီ။ All In One ဖြစ်တဲ့အတွက် Smart Phone နဲ့ ဗီဒီယို ရိုက်ကူးမှုအတွက် အားလုံးနီးနီးပါ၀င်ပါတယ်။ ကျွန်တော်လက်တွေ့ စမ်းကြည့်တာကတော့ Stabilizer အ ပိုင်းမှာ လိုအပ်မှုတွေ ရှိနေပေမယ့် ကျန်တာ အားလုံးနီးနီး အဆင်ပြေပါတယ်။

စမတ်ဖုန်းနဲ့ ဗီဒီယိုရိုက်ကူး တည်းဖြတ်ဖို့ Software

Video ရိုက်ကူးဖို့ Camera App တွေတော့ သီးသန့်အသုံးပြုတာ နည်းပါးကြပါတယ်။ အချို့ကတော့ ဗီဒီယိုရိုက်ကူးဖို့ ဓာတ်ပုံရိုက်တဲ့ Camera App တွေပဲ အသုံးချကြတာရှိပေမယ့် အများစုက စမတ်ဖုန်းပါ ကင်မရာပဲတိုက်ရိုက် အသုံးပြုကြတာ များပါတယ်။

တည်းဖြတ်အတွက်ကိုတော့ မိနစ်ကြာရှည် ဗီဒီယိုဖိုင်တွေအတွက် ကွန်ပျူတာထဲ Laptop ထဲပဲကူ းထည့်ပြီး သမားရိုးကျသုံးနေ ကြတဲ့ Video Editing Software တွေနဲ့ အသုံးပြုကြတာ များပါ တယ်။ မိနစ်တိုအပျော်တမ်းဗီဒီယို ဖိုင်ကို စမတ်ဖုန်းအတွင်း တည်း ဖြတ်မှုအတွက်ကတော့ iOS မှာ Adobe Premiere Rush (cross-platform) (အခမဲ့), Adobe Premiere Rush CC (အခပေး)၊ LumaFusion (အခပေး) Andriod OS သုံး စမတ်ဖုန်းတွေမှာ အခမဲ့ရော အခပေးပါ အသုံးပြုနိုင်တဲ့ ActionDirector Video Editor, Adobe Premiere Rush တွေက နာမည်ရပါတယ်။ အဲ့နှစ်မျိုးက အခပေးနဲ့ဆိုရင် Feature အကုန်သုံးနိုင်ပြီး အခမဲ့ဆိုရင်တော့ အချို့သော Feature တွေကို ကန့် သတ်ထားပါတယ်။

-ကျော်ဇေယျ

စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast လေးမှာ Subscription လုပ်ထားလိုက်နော်….