စမတ်နာရီအဟောင်းတွေအတွက် feature သစ်များစွာ Samsung ထောက်ပံ့ထား

Samsung ဟာ Galaxy Watch Active 2 မှာမိတ်ဆက်ခဲ့တဲ့ feature သစ်တွေကို Galaxy Watch နဲ့ Galaxy Watch Active တွေအတွက် အဆင့်မြှင့်တင် ထောက်ပံ့ပေးလိုက်ပါတယ်။

အဲဒီ feature တွေထဲမှာ Bixby Voice နဲ့ နာရီမျက်နှာပြင်တွေအတွက် စိတ်ကြိုက်ပြင်ဆင်မှု များစွာပါဝင်ပြီး Galaxy Watch Active အတွက် touch bezel interface နဲ့ Samsung Health feature တို့ပါဝင်လာပါတယ်။ Galaxy Watch Active မှာ touch bezel interface ပါဝင်တာကြောင့် မော်ဒယ်ဟောင်းနဲ့ အသုံးတည့်မယ်လို့ မျှော်လင့်ရပါတယ်။ Galaxy Watch မှာ လှည့်နိုင်တဲ့ စက်ပိုင်းဆိုင်ရာ bezel ပါဝင်ထားပါတယ်။

Samsung ဟာ Tizen အခြေခံစမတ်နာရီတွေမှာ UX များစွာကို အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ သုံးစွဲသူက အသုံးပြုနေတဲ့ app တွေအတွက် Icon တွေကို နေရာရွှေ့ခဲ့ပြီး stopwatch app ဒါမှမဟုတ် ဖုန်းပြောနေစဉ်မှာ အချိန်ကို မြင်တွေ့ရအောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် နာရီရဲ့ quick panel ပေါ်က icon တွေက စိတ်ကြိုက်ပြင်ဆင်ဖို့ လွယ်ကူလာပါတယ်။ ဒါ့အပြင် sub-dials နဲ့ complication ၂၄ ခု အပါအဝင် စုစုပေါင်း ၄၁ ခု စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ရွေးချယ်မှုတွေ ပါဝင်လာပါတယ်။

နာရီမော်ဒယ်ဟောင်း နှစ်မျိုးအတွက် Bixby အဆင့်မြှင့်တင်လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ Bixby ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ SmartThings ထုတ်ကုန်တွေ ထိန်းချုပ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ Bixby ကို ပြင်သစ်၊ ဂျာမန်၊ စပိန်၊ အီတလီနဲ့ အင်္ဂလိပ်ဘာသာစကားနဲ့လည်း အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: TheVerge