စမတ္ဖုန္း screen ေတြကုိ app ေတြက တိတ္တဆိတ္ မွတ္တမ္းတင္ေနေၾကာင္း သုေတသီမ်ား ရွာေဖြေတြ႕ရိွ

[ Zawgyi ]

သုေတသီေတြဟာ သုံးစြဲသူေတြရဲ႕လုပ္ေဆာင္ခ်က္ကုိ screenshot နဲ႔ ဗီဒီယိုမွတ္တမ္းတင္ၿပီး third party ေတြဆီေပးပို႔တဲ့ စမတ္ဖုန္း application ေတြကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

တစ္ခါတေလမွာ zip ဒါမွမဟုတ္ postcode အပါအဝင္ သုံးစြဲသူေတြရဲ႕ တစ္ကုိယ္ေရသတင္းအခ်က္အလက္ကို ရယူဖို႔ ဗီဒီယိုနဲ႔ တိတ္တဆိတ္ မွတ္တမ္းတင္ထားေလ့ရွိပါတယ္။ အြန္လိုင္းမွာ ေၾကာ္ျငာေတြကို ပစ္မွတ္ထားျပသဖို႔အတြက္ စမတ္ထုတ္ကုန္ေတြမွာ မိုက္ခ႐ိုဖုန္းကို အသံုးခ်ၿပီး အသံေတြကို မွတ္တမ္းတင္ေလ့ရွိတယ္ဆိုၿပီး ေကာလာဟလထြက္ေပၚေနတဲ့ app ေတြကို သုေတသီေတြက စုံစမ္းခဲ့ၾကပါတယ္။

ေဘာ္စတြန္ၿမိဳ႕က Northeastern တကၠသုိလ္ သိပၸံပညာရွင္ေတြဟာ Facebook ပိုင္ဆုိင္တဲ့ app ေတြ အပါအဝင္ နာမည္အေက်ာ္ၾကားဆုံး Android app ၁၇,၂၆၀ ကုိ စမ္းသပ္မႈ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီစုံစမ္းမႈအရ app ထက္ဝက္ေက်ာ္ေလာက္ဟာ သုံးစြဲသူရဲ႕ ကင္မရာနဲ႔ မိုက္ခ႐ိုဖုန္းအသုံးျပဳခြင့္ကုိ ရရွိထားၿပီး app ကုိ ဖြင့္လိုက္တဲ့အခ်ိန္တိုင္း အဲဒီ feature ေတြကို အသုံးျပဳခြင့္ ျပဳထားရပါတယ္။

သုေတသီေတြဟာ Android ထုတ္ကုန္ ၁၀ ခုမွာ ပါဝင္တဲ့ app ေတြက အရာေတြနဲ႔ ဓာတ္ပုံ၊ ဗီဒီယိုနဲ႔ အသံဖုိင္ေတြ ေပးပုိ႔တဲ့ေနရာေတြကို ေလ့လာဆန္းစစ္ဖို႔ အလိုအေလ်ာက္ ပ႐ိုဂရမ္ကုိ အသုံးျပဳခဲ့ပါတယ္။ ဒါေပမဲ့ built-in မိုက္ခ႐ိုဖုန္းအသုံးျပဳၿပီး တိတ္တဆိတ္ မွတ္တမ္းတင္ေနတဲ့ အေထာက္အထားကို မေတြ႕ရွိရပါဘူး။

အခုလို ေတြ႕ရွိခ်က္အရ Facebook လုိ app ေတြဟာ စကားေျပာသံေတြကို မၾကာခဏ မွတ္တမ္းတင္ၿပီး ေၾကာ္ျငာပစ္မွတ္အတြက္ third party ေတြကို keyword ေတြ ေပးပို႔ေလ့ရွိတယ္ဆိုတဲ့ ေကာလာဟလသတင္းေတြက ေမွးမွိန္ေပ်ာက္ပ်က္သြားပါၿပီ။

ဒါေပမဲ့ app ေတြဟာ မိုက္ခ႐ိုဖုန္းကေန နားမေထာင္ေပမယ့္ သုံးစြဲသူေတြရဲ႕ လုပ္ေဆာင္ခ်က္ကို ဗီဒီယိုေတြနဲ႔ screenshot ေတြနဲ႔ ပုံမွန္ မွတ္တမ္းတင္ေလ့ရွိတယ္ဆိုတာ ေတြ႕ရိွခဲ့ပါတယ္။

အဲဒီ software ဟာ အခ်က္အလက္ေတြကို ေလ့လာဆန္းစစ္ဖို႔ third party က႑ေတြဆီ ေပးပို႔ပါတယ္။

အစားအေသာက္ေတြကို အိမ္တိုင္ရာေရာက္ေပးပို႔တဲ့ GoPuff app ဟာ သုံးစြဲသူေတြရဲ႕ screen ေတြကုိ မွတ္တမ္းတင္ၿပီး ဗီဒီယိုေတြကို မိုဘိုင္းေလ့လာဆန္းစစ္မႈကုမၸဏီ Appsee ထံ ေပးပို႔ေနတာကို သုေတသီေတြ ရွာေဖြေတြ႕ရွိခဲ့ရပါတယ္။

အဲဒီ app ကို Google Play Store ကေန download ျပဳလုပ္တဲ့ အႀကိမ္ေရ ၁၀၀,၀၀၀ ေက်ာ္ရွိၿပီး သုံးစြဲသူေတြရဲ႕ zip code စာရင္းျပဳလုပ္ဖို႔ screen footage ကို ေတာင္းဆိုခဲ့ပါတယ္။

GoPuff ရဲ႕ privacy policy မွာ app အသုံးျပဳစဥ္ screen ေတြကို မွတ္တမ္းတင္ႏိုင္တဲ့အေၾကာင္းကို အသိေပးျခင္းမရွိခဲ့ပါဘူး။

သုေတသီေတြက ကုမၸဏီကုိ ဆက္သြယ္ၿပီးေနာက္မွာ သူတို႔က terms of service ကိုေျပာင္းလဲခဲ့ၿပီး တစ္ကုိယ္ေရ အခ်က္အလက္ေတြ ရယူစုေဆာင္းခံရႏိုင္တယ္ဆိုတဲ့ အပုိဒ္ကို ထည့္သြင္းလုိက္ပါတယ္။

“ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ေနာက္ဆုံးေပၚ Android နဲ႔ iOS builds ေတြက Appsee SDK ကို ကၽြန္ေတာ္တို႔ သိမ္းဆည္းထားလိုက္ပါတယ္” လို႔ GoPuff ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Gizmodo ကိုေျပာခဲ့ပါတယ္။

ကုမၸဏီရဲ႕ စည္းကမ္းခ်က္အရ Appsee နဲ႔ တစ္ကုိယ္ေရ အခ်က္အလက္ေတြ ေျခရာခံျခင္းကုိ တားျမစ္ထားတယ္လို႔ Appsee အမႈေဆာင္အရာရွိခ်ဳပ္ ဇာဟီဘူစီဒါက ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: DailyMail

[ Unicode ]

သုတေသီတွေဟာ သုံးစွဲသူတွေရဲ့လုပ်ဆောင်ချက်ကို screenshot နဲ့ ဗီဒီယိုမှတ်တမ်းတင်ပြီး third party တွေဆီပေးပို့တဲ့ စမတ်ဖုန်း application တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။

တစ်ခါတလေမှာ zip ဒါမှမဟုတ် postcode အပါအဝင် သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေသတင်းအချက်အလက်ကို ရယူဖို့ ဗီဒီယိုနဲ့ တိတ်တဆိတ် မှတ်တမ်းတင်ထားလေ့ရှိပါတယ်။ အွန်လိုင်းမှာ ကြော်ငြာတွေကို ပစ်မှတ်ထားပြသဖို့အတွက် စမတ်ထုတ်ကုန်တွေမှာ မိုက်ခရိုဖုန်းကို အသုံးချပြီး အသံတွေကို မှတ်တမ်းတင်လေ့ရှိတယ်ဆိုပြီး ကောလာဟလထွက်ပေါ်နေတဲ့ app တွေကို သုတေသီတွေက စုံစမ်းခဲ့ကြပါတယ်။

ဘော်စတွန်မြို့က Northeastern တက္ကသိုလ် သိပ္ပံပညာရှင်တွေဟာ Facebook ပိုင်ဆိုင်တဲ့ app တွေ အပါအဝင် နာမည်အကျော်ကြားဆုံး Android app ၁၇,၂၆၀ ကို စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစုံစမ်းမှုအရ app ထက်ဝက်ကျော်လောက်ဟာ သုံးစွဲသူရဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းအသုံးပြုခွင့်ကို ရရှိထားပြီး app ကို ဖွင့်လိုက်တဲ့အချိန်တိုင်း အဲဒီ feature တွေကို အသုံးပြုခွင့် ပြုထားရပါတယ်။

သုတေသီတွေဟာ Android ထုတ်ကုန် ၁၀ ခုမှာ ပါဝင်တဲ့ app တွေက အရာတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေ ပေးပို့တဲ့နေရာတွေကို လေ့လာဆန်းစစ်ဖို့ အလိုအလျောက် ပရိုဂရမ်ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ built-in မိုက်ခရိုဖုန်းအသုံးပြုပြီး တိတ်တဆိတ် မှတ်တမ်းတင်နေတဲ့ အထောက်အထားကို မတွေ့ရှိရပါဘူး။

အခုလို တွေ့ရှိချက်အရ Facebook လို app တွေဟာ စကားပြောသံတွေကို မကြာခဏ မှတ်တမ်းတင်ပြီး ကြော်ငြာပစ်မှတ်အတွက် third party တွေကို keyword တွေ ပေးပို့လေ့ရှိတယ်ဆိုတဲ့ ကောလာဟလသတင်းတွေက မှေးမှိန်ပျောက်ပျက်သွားပါပြီ။

ဒါပေမဲ့ app တွေဟာ မိုက်ခရိုဖုန်းကနေ နားမထောင်ပေမယ့် သုံးစွဲသူတွေရဲ့ လုပ်ဆောင်ချက်ကို ဗီဒီယိုတွေနဲ့ screenshot တွေနဲ့ ပုံမှန် မှတ်တမ်းတင်လေ့ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

အဲဒီ software ဟာ အချက်အလက်တွေကို လေ့လာဆန်းစစ်ဖို့ third party ကဏ္ဍတွေဆီ ပေးပို့ပါတယ်။

အစားအသောက်တွေကို အိမ်တိုင်ရာရောက်ပေးပို့တဲ့ GoPuff app ဟာ သုံးစွဲသူတွေရဲ့ screen တွေကို မှတ်တမ်းတင်ပြီး ဗီဒီယိုတွေကို မိုဘိုင်းလေ့လာဆန်းစစ်မှုကုမ္ပဏီ Appsee ထံ ပေးပို့နေတာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

အဲဒီ app ကို Google Play Store ကနေ download ပြုလုပ်တဲ့ အကြိမ်ရေ ၁၀၀,၀၀၀ ကျော်ရှိပြီး သုံးစွဲသူတွေရဲ့ zip code စာရင်းပြုလုပ်ဖို့ screen footage ကို တောင်းဆိုခဲ့ပါတယ်။

GoPuff ရဲ့ privacy policy မှာ app အသုံးပြုစဉ် screen တွေကို မှတ်တမ်းတင်နိုင်တဲ့အကြောင်းကို အသိပေးခြင်းမရှိခဲ့ပါဘူး။

သုတေသီတွေက ကုမ္ပဏီကို ဆက်သွယ်ပြီးနောက်မှာ သူတို့က terms of service ကိုပြောင်းလဲခဲ့ပြီး တစ်ကိုယ်ရေ အချက်အလက်တွေ ရယူစုဆောင်းခံရနိုင်တယ်ဆိုတဲ့ အပိုဒ်ကို ထည့်သွင်းလိုက်ပါတယ်။

“ကြိုတင်ကာကွယ်မှုအနေနဲ့ နောက်ဆုံးပေါ် Android နဲ့ iOS builds တွေက Appsee SDK ကို ကျွန်တော်တို့ သိမ်းဆည်းထားလိုက်ပါတယ်” လို့ GoPuff ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Gizmodo ကိုပြောခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စည်းကမ်းချက်အရ Appsee နဲ့ တစ်ကိုယ်ရေ အချက်အလက်တွေ ခြေရာခံခြင်းကို တားမြစ်ထားတယ်လို့ Appsee အမှုဆောင်အရာရှိချုပ် ဇာဟီဘူစီဒါက ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: DailyMail