စမတ်ဖုန်း Brand ရှစ်မျိုးကို တစ်နေရာတည်းတွင် စမ်းသပ် ဝယ်ယူနိုင်မည့် One Mart မိုဘိုင်း ဖုန်းဆိုင်မျ

One-Mart-(3).jpg

One Mart မိုဘိုင်း ဖုန်းဆိုင် များတွင် LG, Samsung, HTC, Huawei, OPPO, Sony, Mobilo နှင့် iPhone စသည့် အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို တစ်နေရာတည်းတွင် စိတ်ကြိုက် စမ်းသပ်ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စမတ်ဖုန်း အမျိုးအစား ရှစ်မျိုးကို တရားဝင် အာမခံဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဆိုင်မှာ iPhone အပါအ၀င်  LG, Samsung, HTC, Huawei, OPPO, Sony, Mobilo စတဲ့ Brand ရှစ်မျိုးကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူ နိုင်အောင်လည်း စီစဉ်ထားပါတယ်။ ဒီဆိုင်က ဖုန်းတွေရဲ့ ဈေးက Showroom ထက်ပိုမို သက်သာတဲ့ ဈေးနဲ့ ရောင်းချ ပေးသွားမှာပါ။ Showroom ထက် မသက်သာဘူး ဆိုရင်တောင် Showroom ဈေးထက် မများတဲ့ ဈေးနှုန်းတွေပါ။ အာမခံအနေနဲ့ သူ့ Brand အလိုက်ပါဝင်တဲ့ အာမခံ Official Warranty နဲ့  ရောင်းချတာပါ” ဟု One Mart မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

One Mart Mobile ဆိုင်များကို အမှတ်-၁၅၃၊ ၄ ရပ်ကွက်၊ လသာလမ်း၊ လသာမြို့နယ်နှင့် အမှတ်-၆၆/၆၈၊ တိုက် (အေ)၊ မြေညီထပ်၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် လမ်းထောင့်၊ လှည်းတန်းတွင် ဖွင့်လှစ်ထားသည်။ One Mart မိုဘိုင်းအဖွဲ့သည် မိုဘိုင်းလောကတွင် အတွေ့အကြုံ ၁၅ နှစ်အထက် ရှိသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး Franchisee အနေဖြင့် ဆိုင်ခွဲများ ဖွင့်လှစ်ချင်သော သူများကိုလည်း ထောက်ပံ့လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

-ရဲထွဋ်ဝင်း