စမတ်ဖုန်းနှင့် တွဲဖက်အသုံးပြုရသည့် ထုတ်ကုန်အတုများ ဝင်ရောက်လျက်ရှိ ဟုဆို

ဈေးကွက်ထဲကို စမတ်ဖုန်းနဲ့တွဲဖက် အသုံးပြုရတဲ့ Remax အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်အတုတွေ ဝင်ရောက်နေကြောင်း Remax Myanmar မှ အရောင်းမန်နေဂျာဖြစ်သူ မနန္ဒာအောင် ကပြောပါတယ်။

“လက်ကားဈေးကွက်ထဲမှာ အများဆုံးတွေရပါတယ်။ အတု၊ အစစ်ဆိုတာကိုတော့ အစ်မတို့ Remax ထုတ်ကုန်တွေပေါ်မှာ Company Logo တံဆိပ်တပ်ပေးထားတဲ့အတွက် အလွယ်တကူ သိနိုင်ပါတယ်”လို့ သူကပြောပါတယ်။ ပစ္စည်းအတုအဖြစ် အများဆုံး ဝင်ရောက်လာတဲ့ Remax မိုဘိုင်းထုတ်ကုန် တွေကတော့ Power Bank, Earphone နဲ့ ဖုန်းကာဗာတွေဖြစ်ကြောင်း၊ အာခမံမပါဝင်တဲ့အတွက် သုံးစွဲသူတွေအတွက်လည်း နစ်နာစေနိုင်ကြောင်း၊ အတုတွေအရေးယူမှုတွေကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ကြောင်း မနန္ဒာအောင်က ပြောပါတယ်။

Remax ကုန်အမှတ်တံဆိပ်နဲ့ တယ်လီဖုန်းအပိုပစ္စည်းတွေရဲ့ ပင်ရင်းဖြန့်ချိသူအနေနဲ့ လုပ်ငန်းအကျိုးစီးပွားတွေကို ထိခိုက်နစ်နာအောင် ဆင်တူယိုးမှား တုပဖြန့်ချိနေကြောင်း တွေ့မြင်ကြားသိခဲ့ရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ကြေညာခဲ့တာတွေ့ရ ပါတယ်။

အောင်သက်ကို