စမတ္ဖုန္းမ်ားအတြက္ ပထမဆံုး 8Gb LPDDR5 DRAM ခ်စ္ပ္ကို Samsung မိတ္ဆက္

[Zawgyi]

Samsung Electronics ဟာ 10nm class 8-gigabit (Gb) LPDDR5 DRAM ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ Samsung ဟာ ၂၀၁၄ ခုႏွစ္က ပထမဆံုး 8Gb LPDDR4 ကို အလံုးအရင္းထုတ္လုပ္ခဲ့တဲ့ေနာက္ အသစ္ထြက္မယ့္ 5G နဲ႔ artificial intelligence (AI) စနစ္သံုး mobile application ေတြမွာ အသံုးျပဳမယ့္ LPDDR5 စံသတ္မွတ္ခ်က္ကို ေျပာင္းလဲဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အသစ္ထုတ္လုပ္ထားတဲ့ 8Gb LPDDR5 ဟာ ၂၀၁၇ ဒီဇင္ဘာလက ထုတ္လုပ္ခဲ့တဲ့ 10nm class 16Gb GDDR6 DRAM နဲ႔ ေဖေဖာ္ဝါရီလက ထုတ္လုပ္ခဲ့တဲ့ 16Gb DDR5 DRAM အပါအဝင္ Samsung ရဲ႕ ပရီမီယံ DRAM lineup ထဲမွာ ေနာက္ဆံုးေပၚ တိုးခ်ဲ႕ေဆာင္ရြက္မႈျဖစ္တယ္လို႔ ကုမၸဏီက ေဖာ္ျပခဲ့ပါတယ္။

Samsung ရဲ႕ 8Gb LPDDR5 ဟာ data rate ကို 6,400Mb/s အထိ ေထာက္ပံံေပးႏိုင္ပါတယ္။ ဒါဟာ လက္ရိွ flagship မိုဘိုင္းထုတ္ကုန္ေတြမွာ အသံုးျပဳေနတဲ့ mobile DRAM ခ်စ္ပ္ေတြထက္ ၁.၅ ဆ ပိုမိုလ်င္ျမန္ပါတယ္။ Transfer rate ကို တိုးျမွင့္ထားတာေၾကာင့္ LPDDR5 သစ္ဟာ full-HD ဗီဒီယိုဖိုင္ ၁၄ ခုနီးပါးရိွတဲ့ 51.2GB data ကို တစ္စကၠန္႔အတြင္း ေပးပို႔ႏိုင္ပါတယ္။

10-nm class LPDDR5 DRAM ကို 6,400Mb/s 1.1V နဲ႔ 5,500Mb/s 1.05V ဆိုၿပီး bandwidth ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္မွာျဖစ္တာေၾကာင့္ မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြနဲ႔ ေမာ္ေတာ္ကားနဲ႔သက္ဆိုင္တဲ့ စနစ္ေတြအတြက္ ဘက္စံုသံုး mobile memory solution ျဖစ္လာႏိုင္ပါတယ္။ Memory bank အေရအတြက္ကို ၈ ကေန ၁၆ အထိ ႏွစ္ဆတိုးျမွင့္ထားတဲ့အတြက္ ဒီ memory သစ္ဟာ ျမင့္မားတဲ့အျမန္ႏႈန္းကို စြမ္းအင္သံုးစြဲမႈနည္းပါးစြာနဲ႔ ေထာက္ပံ့ေပးႏိုင္ပါတယ္။

LPDDR5 ဟာ active mode ျဖစ္တဲ့အခ်ိန္မွာ ဗို႔အားကိုေလွ်ာ့ခ်ဖို႔အတြက္ ဖန္တီးတည္ေဆာက္ထားသလို ‘deep sleep mode’ ကို သံုးတဲ့အခါမွာ လက္ရိွ LPDDR4X ခ်စ္ပ္ေတြေထာက္ပံ့ထားတဲ့ ‘idle mode’ ထက္ စြမ္းအင္သံုးစြဲမႈ ထက္ဝက္ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ အဆိုပါ စြမ္းေဆာင္ရည္သံုးစြဲမႈနည္းပါးတဲ့ feature ေတြေၾကာင့္ 8Gb LPDDR5 DRAM က မိုဘိုင္းထုတ္ကုန္ရဲ႕စြမ္းေဆာင္ရည္ကို ၃၀ ရာခိုင္ႏႈန္းအထိ ျမွင့္တင္ေပးၿပီး စမတ္ဖုန္းေတြရဲ႕ဘက္ထရီသက္တမ္းကို တိုးျမွင့္ေစႏိုင္မယ္လို႔ Samsung က ဆိုပါတယ္။

LPDDR5 ခ်စ္ပ္ေတြ ေစ်းကြက္ထဲေရာက္လာမယ့္အခ်ိန္ကိုေတာ့ ကုမၸဏီက မေျပာၾကားခဲ့ပါဘူး။

Ref: Digitimes

-ေနာင္ေနာင္

[Unicode]

Samsung Electronics ဟာ 10nm class 8-gigabit (Gb) LPDDR5 DRAM ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Samsung ဟာ ၂၀၁၄ ခုနှစ်က ပထမဆုံး 8Gb LPDDR4 ကို အလုံးအရင်းထုတ်လုပ်ခဲ့တဲ့နောက် အသစ်ထွက်မယ့် 5G နဲ့ artificial intelligence (AI) စနစ်သုံး mobile application တွေမှာ အသုံးပြုမယ့် LPDDR5 စံသတ်မှတ်ချက်ကို ပြောင်းလဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အသစ်ထုတ်လုပ်ထားတဲ့ 8Gb LPDDR5 ဟာ ၂၀၁၇ ဒီဇင်ဘာလက ထုတ်လုပ်ခဲ့တဲ့ 10nm class 16Gb GDDR6 DRAM နဲ့ ဖေဖော်ဝါရီလက ထုတ်လုပ်ခဲ့တဲ့ 16Gb DDR5 DRAM အပါအဝင် Samsung ရဲ့ ပရီမီယံ DRAM lineup ထဲမှာ နောက်ဆုံးပေါ် တိုးချဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။

Samsung ရဲ့ 8Gb LPDDR5 ဟာ data rate ကို 6,400Mb/s အထိ ထောက်ပံံပေးနိုင်ပါတယ်။ ဒါဟာ လက်ရှိ flagship မိုဘိုင်းထုတ်ကုန်တွေမှာ အသုံးပြုနေတဲ့ mobile DRAM ချစ်ပ်တွေထက် ၁.၅ ဆ ပိုမိုလျင်မြန်ပါတယ်။ Transfer rate ကို တိုးမြှင့်ထားတာကြောင့် LPDDR5 သစ်ဟာ full-HD ဗီဒီယိုဖိုင် ၁၄ ခုနီးပါးရှိတဲ့ 51.2GB data ကို တစ်စက္ကန့်အတွင်း ပေးပို့နိုင်ပါတယ်။

10-nm class LPDDR5 DRAM ကို 6,400Mb/s 1.1V နဲ့ 5,500Mb/s 1.05V ဆိုပြီး bandwidth နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်တာကြောင့် မျိုးဆက်သစ် စမတ်ဖုန်းတွေနဲ့ မော်တော်ကားနဲ့သက်ဆိုင်တဲ့ စနစ်တွေအတွက် ဘက်စုံသုံး mobile memory solution ဖြစ်လာနိုင်ပါတယ်။ Memory bank အရေအတွက်ကို ၈ ကနေ ၁၆ အထိ နှစ်ဆတိုးမြှင့်ထားတဲ့အတွက် ဒီ memory သစ်ဟာ မြင့်မားတဲ့အမြန်နှုန်းကို စွမ်းအင်သုံးစွဲမှုနည်းပါးစွာနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။

LPDDR5 ဟာ active mode ဖြစ်တဲ့အချိန်မှာ ဗို့အားကိုလျှော့ချဖို့အတွက် ဖန်တီးတည်ဆောက်ထားသလို ‘deep sleep mode’ ကို သုံးတဲ့အခါမှာ လက်ရှိ LPDDR4X ချစ်ပ်တွေထောက်ပံ့ထားတဲ့ ‘idle mode’ ထက် စွမ်းအင်သုံးစွဲမှု ထက်ဝက်လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ စွမ်းဆောင်ရည်သုံးစွဲမှုနည်းပါးတဲ့ feature တွေကြောင့် 8Gb LPDDR5 DRAM က မိုဘိုင်းထုတ်ကုန်ရဲ့စွမ်းဆောင်ရည်ကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးပြီး စမတ်ဖုန်းတွေရဲ့ဘက်ထရီသက်တမ်းကို တိုးမြှင့်စေနိုင်မယ်လို့ Samsung က ဆိုပါတယ်။

LPDDR5 ချစ်ပ်တွေ စျေးကွက်ထဲရောက်လာမယ့်အချိန်ကိုတော့ ကုမ္ပဏီက မပြောကြားခဲ့ပါဘူး။

Ref: Digitimes
-နောင်နောင်