စမတ်နာရီ များအတွက် ကိုယ်ပိုင် OS ဖန်တီးနေကြောင်း Swatch ကြေညာ

အသစ်ထွက်မယ့် စမတ်နာရီတွေအတွက် ကိုယ်ပိုင် operating system ဖန်တီးပြီး Google, Apple တို့နဲ့ တိုက်ရိုက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ Switzerland ရဲ့ အကြီးဆုံးနာရီ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Swatch နာရီကုမ္ပဏီ အနေနဲ့ စွမ်းအင်သုံးစွဲမှု သက်သာပြီး သုံးစွဲသူအချက်အလက် ကာကွယ်ပေးမယ့် ကိုယ်ပိုင် wearable OS ကို ဖန်တီးနေကြောင်း၊ အဲ့ဒီ OS သစ်ကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ Tissot brand နဲ့ မော်ဒယ်တစ်ခုနဲ့အတူ ဖြန့်ချိသွားမှာဖြစ်ကြောင်း Swatch အမှုဆောင်အရာရှိချုပ် Nick Hayek က Bloomberg နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ စမတ်နာရီ operating system ကို လက်ရှိမှာ Swiss OS လို့အမည်ပေးထားပြီး သုတေသနနဲ့နည်းပညာကုမ္ပဏီ CSEM နဲ့ပူးပေါင်း တည်ဆောက်နေတယ်လို့ သိရပါတယ်။

Ref: Wearable