စမတ္နာရီေတြအတြက္ Gorilla Glass DX နဲ႔ Gorilla Glass DX+ ကို Corning မိတ္ဆက္

[ Zawgyi ]

စမတ္ဖုန္းေတြအတြက္ ခိုင္ခံ့တဲ့မွန္ေတြကို ထုတ္လုပ္တဲ့ Corning ဟာ Gorilla Glass 6 ကို မေန႔က ေၾကညာခဲ့ပါတယ္။ အဲ့ဒီထုတ္ကုန္နဲ႔အတူ စမတ္နာရီေတြအတြက္ Gorilla Glass DX နဲ႔ Gorilla Glass DX+ ကိုလည္း ကုမၸဏီက မိတ္ဆက္ခဲ့ပါတယ္။

သာမန္မွန္နဲ႔ႏိႈင္းယွဥ္ရင္ Gorilla Glass DX နဲ႔ DX+ ဟာ screen reflection ကို ၇၅ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစၿပီး brightness level တင္စရာမလိုဘဲ display contrast ratio ကို ၅၀ ရာခိုင္ႏႈန္း တိုးျမွင့္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သံုးစြဲသူေတြက brightness level အနိမ့္ဆံုးထားၿပီး display ေတြကို ပိုမိုေကာင္းမြန္စြာ ၾကည့္႐ႈႏိုင္တာေၾကာင့္ ဘက္ထရီေတြက ပိုမိုၾကာရွည္ခံလာမွာ ျဖစ္ပါတယ္။
ကြဲျပားျခားနားမႈေတြကို ဆိုရရင္ Gorilla Glass DX က ျမင္ႏိုင္စြမ္းအား ပိုေကာင္းေပမယ့္ စင္းရာျခစ္ရာဒဏ္ ခံႏိုင္မႈအဆင့္က Gorilla Glass နဲ႔ အတူတူပဲျဖစ္ပါတယ္။ Gorilla Glass DX+ ရဲ႕ စင္းရာျခစ္ရာဒဏ္ခံႏိုင္မႈက ပိုမိုျမင့္မားပါတယ္။

အဆိုပါ Gorilla Glass DX နဲ႔ Gorilla Glass DX+ တို႔ကို ႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္မယ့္ စမတ္နာရီေတြမွာ ေတြ႕ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GizmoChina

[ Unicode ]

စမတ်ဖုန်းတွေအတွက် ခိုင်ခံ့တဲ့မှန်တွေကို ထုတ်လုပ်တဲ့ Corning ဟာ Gorilla Glass 6 ကို မနေ့က ကြေညာခဲ့ပါတယ်။ အဲ့ဒီထုတ်ကုန်နဲ့အတူ စမတ်နာရီတွေအတွက် Gorilla Glass DX နဲ့ Gorilla Glass DX+ ကိုလည်း ကုမ္ပဏီက မိတ်ဆက်ခဲ့ပါတယ်။

သာမန်မှန်နဲ့နှိုင်းယှဉ်ရင် Gorilla Glass DX နဲ့ DX+ ဟာ screen reflection ကို ရ၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး brightness level တင်စရာမလိုဘဲ display contrast ratio ကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက brightness level အနိမ့်ဆုံးထားပြီး display တွေကို ပိုမိုကောင်းမွန်စွာ ကြည့်ရှုနိုင်တာကြောင့် ဘက်ထရီတွေက ပိုမိုကြာရှည်ခံလာမှာ ဖြစ်ပါတယ်။
ကွဲပြားခြားနားမှုတွေကို ဆိုရရင် Gorilla Glass DX က မြင်နိုင်စွမ်းအား ပိုကောင်းပေမယ့် စင်းရာခြစ်ရာဒဏ် ခံနိုင်မှုအဆင့်က Gorilla Glass နဲ့ အတူတူပဲဖြစ်ပါတယ်။ Gorilla Glass DX+ ရဲ့ စင်းရာခြစ်ရာဒဏ်ခံနိုင်မှုက ပိုမိုမြင့်မားပါတယ်။

အဆိုပါ Gorilla Glass DX နဲ့ Gorilla Glass DX+ တို့ကို နှစ်ကုန်ပိုင်းမှာ မိတ်ဆက်မယ့် စမတ်နာရီတွေမှာ တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GizmoChina