[ Zawgyi ]
Qualcomm အေနနဲ႔ စက္တင္ဘာလ ၁၀ ရက္မွာ ျပဳလုပ္မယ့္ပြဲအတြက္ ဖိတ္စာေတြကို ေပးပုိ႔ေနပါၿပီ။ အဲဒီဖိတ္စာက နာရီဒိုင္ခြက္ထဲမွာ ၉ နာရီ ၁၀ မိနစ္လို႔ ျပသထားၿပီး “It’s time. Set your watces.” လို႔ ေရးသားထားပါတယ္။
ပုိစတာအရ Qualcomm အေနနဲ႔ နာရီနဲ႔သက္ဆုိင္တဲ့ အရာတစ္ခုကို မိတ္ဆက္ဖြယ္ရွိပါတယ္။ Qualcomm အေနနဲ႔ စမတ္နာရီသစ္ေတြအတြက္ ပ႐ုိဆက္ဆာသစ္ကုိ ထုတ္ေဖာ္မိတ္ဆက္ႏို္င္ပါတယ္။
Qualcomm ရဲ႕ Snapdragon 2100 ဟာ စမတ္နာရီထုတ္လုပ္သူေတြ အသုံးျပဳေနက် SoC ျဖစ္ပါတယ္။ Snapdragon 2100 ကုိ ၂၀၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ ျဖန္႔ခ်ိခဲ့ပါတယ္။ အခုမိတ္ဆက္မယ့္ ပ႐ိုဆက္ဆာအမည္က Snapdragon 3100 ျဖစ္ၿပီး Snapdragon 2100 အတိုင္း 28nm node ေပၚအေျခခံထားတယ္လို႔ Winfuture.de က ေဖာ္ျပခဲ့ပါတယ္။
Qualcomm အေနနဲ႔ အဲဒီပြဲမွာ chipset နဲ႔အတူ ပူးေပါင္းထားတဲ့ ကုမၸဏီတစ္ခုရဲ႕ စမတ္နာရီသစ္ကုိလည္း မိတ္ဆက္ဖြယ္ရွိပါတယ္။ ၿပီးခဲ့တဲ့ေမလတုန္းက စမတ္နာရီတစ္မ်ိဳးနဲ႔အတူ စမတ္နာရီေတြအတြက္ chipset သစ္ေတြကုိ ဒီႏွစ္အတြင္း ျဖန္႔ခ်ိသြားမယ္လို႔ Qualcomm ရဲ႕အႀကီးတန္းဒါ႐ိုက္တာနဲ႔ စမတ္ထုတ္ကုန္ လုပ္ငန္းအႀကီးအကဲ ပန္ကာကီဒီယာက ေျပာခဲ့ပါတယ္။
Wear OS အသုံးျပဳထားတဲ့ စမတ္နာရီသစ္ေတြကို ထုတ္လုပ္သြားမယ့္ ကုမၸဏီမ်ားစြာ ရွိပါတယ္။ အဲဒီကုမၸဏီေတြက Huawei, LG နဲ႔ Google တို႔ျဖစ္ၿပီး Google အေနနဲ႔ ေအာက္တိုဘာလမွာ Pixel 3 မိတ္ဆက္တဲ့ပြဲမွာ ကုိယ္ပုိင္စမတ္နာရီေတြကုိ ထုတ္ေဖာ္ျပသမယ္လို႔ သတင္းထြက္ေပၚေနပါတယ္။
There is gonna be more than one, it seems. More like three.
— Roland Quandt (@rquandt) May 10, 2018
Qualcomm ရဲ႕ chipset သစ္မွာ စမတ္နာရီေတြအတြက္ ambient mode အပါအဝင္ feature သစ္ေတြပါဝင္တယ္လုိ႔ သိရွိရပါတယ္။ ဒါ့အျပင္ ဘက္ထရီသက္တမ္းလည္း တုိးတက္ေအာင္ ေဆာင္ရြက္ထားဖြယ္ရွိပါတယ္။
စိုးထက္
Ref: GizmoChina
[ Unicode ]
Qualcomm အနေနဲ့ စက်တင်ဘာလ ၁၀ ရက်မှာ ပြုလုပ်မယ့်ပွဲအတွက် ဖိတ်စာတွေကို ပေးပို့နေပါပြီ။ အဲဒီဖိတ်စာက နာရီဒိုင်ခွက်ထဲမှာ ၉ နာရီ ၁၀ မိနစ်လို့ ပြသထားပြီး “It’s time. Set your watces.” လို့ ရေးသားထားပါတယ်။
ပိုစတာအရ Qualcomm အနေနဲ့ နာရီနဲ့သက်ဆိုင်တဲ့ အရာတစ်ခုကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Qualcomm အနေနဲ့ စမတ်နာရီသစ်တွေအတွက် ပရိုဆက်ဆာသစ်ကို ထုတ်ဖော်မိတ်ဆက်နို်င်ပါတယ်။
Qualcomm ရဲ့ Snapdragon 2100 ဟာ စမတ်နာရီထုတ်လုပ်သူတွေ အသုံးပြုနေကျ SoC ဖြစ်ပါတယ်။ Snapdragon 2100 ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြန့်ချိခဲ့ပါတယ်။ အခုမိတ်ဆက်မယ့် ပရိုဆက်ဆာအမည်က Snapdragon 3100 ဖြစ်ပြီး Snapdragon 2100 အတိုင်း 28nm node ပေါ်အခြေခံထားတယ်လို့ Winfuture.de က ဖော်ပြခဲ့ပါတယ်။
Qualcomm အနေနဲ့ အဲဒီပွဲမှာ chipset နဲ့အတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ စမတ်နာရီသစ်ကိုလည်း မိတ်ဆက်ဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့မေလတုန်းက စမတ်နာရီတစ်မျိုးနဲ့အတူ စမတ်နာရီတွေအတွက် chipset သစ်တွေကို ဒီနှစ်အတွင်း ဖြန့်ချိသွားမယ်လို့ Qualcomm ရဲ့အကြီးတန်းဒါရိုက်တာနဲ့ စမတ်ထုတ်ကုန် လုပ်ငန်းအကြီးအကဲ ပန်ကာကီဒီယာက ပြောခဲ့ပါတယ်။
Wear OS အသုံးပြုထားတဲ့ စမတ်နာရီသစ်တွေကို ထုတ်လုပ်သွားမယ့် ကုမ္ပဏီများစွာ ရှိပါတယ်။ အဲဒီကုမ္ပဏီတွေက Huawei, LG နဲ့ Google တို့ဖြစ်ပြီး Google အနေနဲ့ အောက်တိုဘာလမှာ Pixel 3 မိတ်ဆက်တဲ့ပွဲမှာ ကိုယ်ပိုင်စမတ်နာရီတွေကို ထုတ်ဖော်ပြသမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Qualcomm ရဲ့ chipset သစ်မှာ စမတ်နာရီတွေအတွက် ambient mode အပါအဝင် feature သစ်တွေပါဝင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဘက်ထရီသက်တမ်းလည်း တိုးတက်အောင် ဆောင်ရွက်ထားဖွယ်ရှိပါတယ်။
Ref: GizmoChina