စမတ္စပီကာကိုသံုးၿပီး စမတ္အိမ္သုံး ထုတ္ကုန္ေတြကုိ ထိန္းခ်ဳပ္သူ ၆ ရာခိုင္ႏႈန္းသာရွိ

[ Zawgyi ]

လက္ရွိအခ်ိန္မွာ စမတ္စပီကာပုိင္ဆုိင္သူ ၆ ရာခိုင္ႏႈန္းက စမတ္စပီကာကုိ အသုံးျပဳၿပီး မီးအလင္းေရာင္နဲ႔ အပူေပးစနစ္လိုမ်ိဳး စမတ္အိမ္သုံး ထုတ္ကုန္ေတြကုိ ထိန္းခ်ဳပ္ေနၾကတယ္လို႔ စစ္တမ္းသစ္တစ္ခုအရ သိရပါတယ္။

စမတ္စပီကာရဲ႕ အသုံးအမ်ားဆုံး လုပ္ေဆာင္ခ်က္ေတြကိုလည္း စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ အံ့အားသင့္စရာေကာင္းတာက ေတးဂီတအသားေပးထုတ္ကုန္တစ္ခုျဖစ္တဲ့ HomePod ကို သီခ်င္းနားေထာင္ဖုိ႔အတြက္ သုံးစြဲမႈနည္းပါးတယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။

စမတ္စပီကာေတြမွာ အသုံးအမ်ားဆုံးလုပ္ေဆာင္ခ်က္က သတင္း ဒါမွမဟုတ္ ရာသီဥတုအေျခအေနကို ေလ့လာၿပီး ေမးခြန္းေတြေမးျမန္းတာ ျဖစ္တယ္လို႔ IHD Markit စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ တတိယေနရာမွာေတာ့ သီခ်င္းနားေထာင္တဲ့ လုပ္ေဆာင္ခ်က္က ရပ္တည္ေနပါတယ္။ စပီကာအသုံးျပဳၿပီး စမတ္အိမ္သုံးထုတ္ကုန္ေတြ ထိန္းခ်ဳပ္တာက လက္ရွိမွာ အသုံးျပဳမႈအနည္းဆုံး လုပ္ေဆာင္ခ်က္ ျဖစ္ေနပါတယ္။

“စမတ္အိမ္သုံးထုတ္ကုန္ေတြကို အသံနဲ႔ထိန္းခ်ဳပ္မႈမွာ စမတ္စပီကာရဲ႕ စုစုေပါင္း ပါဝင္မႈက အစိတ္အပုိင္းနည္းနည္းေလးပဲ ရွိပါေသးတယ္။ ဒါေပမဲ့ အခုလုပ္ေဆာင္ခ်က္ေတြဟာ အသံထိန္းခ်ဳပ္မႈအေပၚ မွီခိုထားတဲ့ video-streaming ထုတ္ကုန္ေတြ ထြက္လာရင္ ဆက္လက္တုိးတက္လာမွာျဖစ္ပါတယ္။ လုံၿခဳံေရး alarm စနစ္ေတြ၊ အဖြင့္အပိတ္လုပ္ဖို႔ အသံထိန္းခ်ဳပ္မႈ ထည့္သြင္းတာနဲ႔ ေနအိမ္တည္ေဆာက္သူေတြက အိမ္သစ္ေတြမွာ စမတ္ထုတ္ကုန္ေတြ ပုိမိုတပ္ဆင္လာရင္ အသံထိန္းခ်ဳပ္မႈကို ပိုမိုျပဳလုပ္လာၾကမွာပါ” လို႔ IHS Markit စမတ္အိမ္အေပၚ ေလ့လာဆန္းစစ္သူအႀကီးအကဲ ဘလိတ္ကုိဇက္က ေျပာခဲ့ပါတယ္။

ဒီႏွစ္အေစာပုိင္း ေဈးကြက္ထဲမွာ စမတ္အိမ္သုံးထုတ္ကုန္ ၄,၁၀၀ ရွိတယ္လို႔ IHS Markit က ေရတြက္ထားပါတယ္။ စမတ္အိမ္သုံး ထုတ္ကုန္ေတြကုိ မၾကာခင္မွာ အသံနဲ႔ ထိန္းခ်ဳပ္ခိုင္းေစႏိုင္ေတာ့မွာ ျဖစ္တယ္လို႔ ကုမၸဏီက ေျပာၾကားထားပါတယ္။

ဒီစစ္တမ္းကို အေမရိကန္၊ ယူေက၊ ဂ်ပန္၊ ဂ်ာမနီနဲ႔ ဘရာဇီးႏိုင္ငံက စမတ္စပီကာပုိင္ဆိုင္သူ ၉၃၇ ဦးကုိ ေမးျမန္းၿပီး သုေတသန ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

စုိးထက္
Ref: 9to5Mac

[ Unicode ]

လက်ရှိအချိန်မှာ စမတ်စပီကာပိုင်ဆိုင်သူ ၆ ရာခိုင်နှုန်းက စမတ်စပီကာကို အသုံးပြုပြီး မီးအလင်းရောင်နဲ့ အပူပေးစနစ်လိုမျိုး စမတ်အိမ်သုံး ထုတ်ကုန်တွေကို ထိန်းချုပ်နေကြတယ်လို့ စစ်တမ်းသစ်တစ်ခုအရ သိရပါတယ်။

စမတ်စပီကာရဲ့ အသုံးအများဆုံး လုပ်ဆောင်ချက်တွေကိုလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အံ့အားသင့်စရာကောင်းတာက တေးဂီတအသားပေးထုတ်ကုန်တစ်ခုဖြစ်တဲ့ HomePod ကို သီချင်းနားထောင်ဖို့အတွက် သုံးစွဲမှုနည်းပါးတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

စမတ်စပီကာတွေမှာ အသုံးအများဆုံးလုပ်ဆောင်ချက်က သတင်း ဒါမှမဟုတ် ရာသီဥတုအခြေအနေကို လေ့လာပြီး မေးခွန်းတွေမေးမြန်းတာ ဖြစ်တယ်လို့ IHD Markit စစ်တမ်းမှာ ဖော်ပြထားပါတယ်။ တတိယနေရာမှာတော့ သီချင်းနားထောင်တဲ့ လုပ်ဆောင်ချက်က ရပ်တည်နေပါတယ်။ စပီကာအသုံးပြုပြီး စမတ်အိမ်သုံးထုတ်ကုန်တွေ ထိန်းချုပ်တာက လက်ရှိမှာ အသုံးပြုမှုအနည်းဆုံး လုပ်ဆောင်ချက် ဖြစ်နေပါတယ်။

“စမတ်အိမ်သုံးထုတ်ကုန်တွေကို အသံနဲ့ထိန်းချုပ်မှုမှာ စမတ်စပီကာရဲ့ စုစုပေါင်း ပါဝင်မှုက အစိတ်အပိုင်းနည်းနည်းလေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အခုလုပ်ဆောင်ချက်တွေဟာ အသံထိန်းချုပ်မှုအပေါ် မှီခိုထားတဲ့ video-streaming ထုတ်ကုန်တွေ ထွက်လာရင် ဆက်လက်တိုးတက်လာမှာဖြစ်ပါတယ်။ လုံခြုံရေး alarm စနစ်တွေ၊ အဖွင့်အပိတ်လုပ်ဖို့ အသံထိန်းချုပ်မှု ထည့်သွင်းတာနဲ့ နေအိမ်တည်ဆောက်သူတွေက အိမ်သစ်တွေမှာ စမတ်ထုတ်ကုန်တွေ ပိုမိုတပ်ဆင်လာရင် အသံထိန်းချုပ်မှုကို ပိုမိုပြုလုပ်လာကြမှာပါ” လို့ IHS Markit စမတ်အိမ်အပေါ် လေ့လာဆန်းစစ်သူအကြီးအကဲ ဘလိတ်ကိုဇက်က ပြောခဲ့ပါတယ်။

ဒီနှစ်အစောပိုင်း ဈေးကွက်ထဲမှာ စမတ်အိမ်သုံးထုတ်ကုန် ၄,၁၀၀ ရှိတယ်လို့ IHS Markit က ရေတွက်ထားပါတယ်။ စမတ်အိမ်သုံး ထုတ်ကုန်တွေကို မကြာခင်မှာ အသံနဲ့ ထိန်းချုပ်ခိုင်းစေနိုင်တော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

ဒီစစ်တမ်းကို အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဂျာမနီနဲ့ ဘရာဇီးနိုင်ငံက စမတ်စပီကာပိုင်ဆိုင်သူ ၉၃၇ ဦးကို မေးမြန်းပြီး သုတေသန ပြုလုပ်ထားတာ ဖြစ်ပါတယ်။

စိုးထက်
Ref: 9to5Mac