စပီကာနဲ့ နားကြပ်တချို့ မိတ်ဆက်နိုင်တဲ့ Apple

Apple ဟာ ကိုယ်ပိုင်စတိုးမှာ Bose, Logitech နဲ့ Sonos ထုတ်ကုန်ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ဒီနှစ်အတွင်း နားကြပ်နဲ့ စပီကာအသစ်တွေကို မိတ်ဆက်နိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

Apple ရဲ့အပြောင်းအလဲကို Bloomberg က အရင်ဆုံး‌ တွေ့ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အခြားထုတ်ကုန်ရောင်းချမှုကို ပြန်လည်သုံးသပ်လေ့ရှိပြီး Apple ထုတ်ကုန် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်စေမယ့် ထုတ်ကုန်တွေကို ရွေးချယ်တယ်လို့ Apple က Bloomberg ကိုပြောခဲ့ပါတယ်။

Apple အနေနဲ့ ဒီလနှောင်းပိုင်း အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ လုပ်နိုင်တယ်လို့ ကောလာဟလ ထွက်နေပါတယ်။

စိုးထက်

Ref: TheVerge