စတော့ရှယ်ယာနှင့်အရင်းအနှီးဈေးကွက် အခမဲ့သင်တန်း ဖွင့်မည်

အရင်းအနှီးစျေးကွက်နှင့် Stock Exchange ပိုင်းကို စိတ်ဝင်စားသူတွေအတွက် Yangon Stock Exchange-YSX နဲ့ Strategy First University Extension-SFUx တို့ပူပေါင်းပြီး SFUx-YSX Certifcate in Understanding Capital markets သင်တန်းကို SFUx တွင် အခမဲ့ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

စတော့ရှယ်ယာအရောင်းအဝယ် စိတ်ဝင်စားသူတွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ အနေနဲ့ ဒီသင်တန်းမှာ အရင်းအနှီးဈေးကွက်အရေးပါပုံ၊ စတော့အိတ်ချိန်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အသေးစိတ် လေ့လေသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စတော့အိတ်ချိန်းမှာ စာရင်းဝင်ရန်အတွက် ဆောင်ရွက်ချက်တွေနဲ့ စတော့ရောင်းဝယ်ခြင်းဆိုင်ရာ ပညာရပ်တွေကို အခမဲ့ လေ့လာသင်ယူရမှာဖြစ်ပါတယ်။

သင်တန်းကာလ ၅ ပတ်ကြာမြင့်မှာ ဖြစ်ပြီး ဦးသက်ထွန်းဦး, Executive Senior Manager, Yangon Stock Exchang​e မှ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှာ အတန်းသစ်စမှာ ဖြစ်ပြီး https://forms.gle/d5s9PcTmRKw2Gngy9 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

အခမဲ့ တက်ရောက်လိုသူတွေအနေနဲ့ SFUx မှ Facebook Post ကို Like and Share ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို SFUx Mobile App နှင့် SFUx Website ကနေ သွားကြည့်ပြီး သင်ယူရမှာ ဖြစ်ပါတယ်။ သင်ခန်းစာများကို တစ်ပတ် သင်ခန်းစာတစ်ခု လေ့လာနိုင်မှာဖြစ်ပြီး (၅) ပတ်ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။ Certificate ရရှိရန်အတွက် သင်ခန်းစာပြီးတိုင်းမှာ ‘Unit End Test’ ဖြေဆိုရမှာ ဖြစ်ပြီး Unit အားလုံးဖြေဆိုပြီးပါက ‘Course End Test’ ကိုဖြေဆိုပေးရမှာဖြစ်ပါတယ်။

Certificate ပေးအပ်ချီးမြှင့်ခြင်းမှာ သင်တန်းပြီးဆုံးပါက Digital Certificate ရရှိမှာဖြစ်ပြီး Certificate Hard copy ရယူလိုပါက ၅၀၀၀ ကျပ် ပေးသွင်း၍ ထုတ်ယူနိုင်ပါတယ်။​တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစတင်ကာ လျှောက်ထားနိုင်ပြီး ဖုန်း- ၀၉၄၀၀၀၈၈၀၅၁-၄ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««