စတုတ္ထအကြိမ်မြောက်ကျင်းပမည့် BIG BAD WOLF စာအုပ်စျေးရောင်းပွဲတော်ကြီးကို အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်ဖြစ်တဲ့ Big Bad Wolf Book Sale ကို မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ်မြောက် အဖြစ် ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက် အထိ ၈ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး Big Bad Wolf ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှ တစ်ဆင့် အွန်လိုင်းစနစ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Big Bad Wolf Book Sale ကို Covid – 19 ဖြစ်ပွားနေတဲ့ ကာလအတွင်း စာအုပ်များကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် ဝက်ဘ်ဆိုက်မှ ဝယ်ယူနိုင်တဲ့ ပုံစံအသစ်နဲ့ စီစဉ်ထားရှိခြင်း ဖြစ်ပြီး အဆိုပါ Big Bad Wolf Book Sale မှာ အင်္ဂလိပ်ဘာသာစကား စာအုပ်အရေအတွက် သန်း ၂၀ နဲ့ စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို ၎င်းတို့ရဲ့ လက်လီစျေးနှုန်းများမှ ၉၀ ရာခိုင်နှုန်း အထိ လျှော့စျေးနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ စာပေချစ်သူတွေအနေနဲ့ ယခုနှစ်မှာ စာအုပ်အမျိုးအစား များစွာကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပြီး အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများ၊ အချစ်ဝတ္ထုများ၊ စာပေဆိုင်ရာစာအုပ်များ၊ ဂရပ်ဖစ်ဝတ္ထုများ၊ စီးပွားရေးစာအုပ်များ အစရှိတာတွေကို ဝက်ဘ်ဆိုက်တစ်ခုတည်းမှ တစ်စုတစ်စည်းတည်း အဆင်ပြေပြေ ရှာဖွေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အွန်းလိုင်းမှ ကျင်းပပြုလုပ်ရောင်းချသွားမယ့် Big Bad Wolf Book Sale ရဲ့ တရားဝင် ဝက်ဘ်ဆိုက်လိပ်စာကို မကြာမီ သတင်းထုတ်ပြန်သွားမှာ ဖြစ်ပြီး Online Book Sale ရဲ့ နောက်ဆုံးသတင်းတွေကို Big Bad Wolf Book ရဲ့ Facebook စာမျက်နှာ https://www.facebook.com/bbwbooksmm/ မှ ကြေညာသွားမယ်လို့ သိရပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««