စစ်မြေပြင်မှာ အသုံးပြုနိုင်မယ့် ကိုယ်ပျောက်ဝတ်စုံ

တောင်ကိုရီးယားအဖွဲ့တစ်ဖွဲ့က အပူနဲ့ အအေးခံစနစ်ကိုသုံးပြီး ကိုယ်ရောင်ဖျောက်နိုင်တဲ့ ဝတ်စုံကို ဖန်တီးနေပါတယ်။ အဲဒီဝတ်စုံက ပတ်ဝန်းကျင် ပတ်ပတ်လည်က အရောင်တွေကို အတုယူပြီး ကိုယ်ရောင်ဖျောက်ပေးကာ ၅ စက္ကန့်အတွင်း အပြောင်းအလဲလုပ်ပေးပါတယ်။

အခု artificial အသားတစ်မျိုးက စစ်မြေပြင်ကို ကိုယ်ရောင်ဖျောက်ပြီး အပူပုံဖော် ကင်မရာကိုလည်း လှည့်စားနိုင်ပါတယ်။

ဝတ်ဆင်သူက pixel တွေနဲ့ ဖန်တီးထားတဲ့ မျက်နှာပြင်ကို ဝတ်ဆင်ရပါမယ်။ မျက်နှာပြင်ကိုတော့ thermochromic liquid crystal နဲ့ပြုလုပ်ထားပြီး ပတ်ပတ်လည် ပတ်ဝန်းကျင်အတိုင်း ပြောင်းလဲနိုင်ကာ လှိုင်းအမျိုးမျိုးလည်း ထုတ်လွှင့်ပြီး လူအသားအရေကို ဖုံးကွယ်ပေးပါတယ်။

လက်ရှိမှာ တီထွင်မှုက အစောပိုင်းအဆင့်မှာပဲ ရှိသေးပါတယ်။ အခုထုတ်ကုန်မှာ အထူး ကင်မရာ အသေးစားလေး တစ်ခုပါဝင်ပြီး ပတ်ပတ်လည် ဧရိယာအပေါ် အလိုအလျောက် တုံ့ပြန်နိုင်တယ်လို့ တောင်ကိုရီးယားအဖွဲ့က Defense One ကိုပြောခဲ့ပါတယ်။

စိုးထက်
Ref: DailyMail

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««