စစ်တပ်သုံး Galaxy S20 Tactical Edition ကို Samsung မိတ်ဆက်

Samsung ဟာ ကာကွယ်ရေးနဲ့ ဖက်ဒရယ်အစိုးရသုံးစွဲသူတွေအတွက် ရည်ရွယ်ပြီး Galaxy S20 Tactical Editiion ကိုဖြန့်ချိလိုက်ပါတယ်။

အခုဖုန်းဟာ စစ်တပ်အဆင့် လုံခြုံရေးရှိပြီး NSA စံသတ်မှတ်ချက် အခြေခံ encryption အလွှာ၂ ခုကို သုံးထားပါတယ်။ ပြင်ဆင်ထားတဲ့ software နဲ့ tactical နဲ့ သီးသန့်ခွဲထားတဲ့ app တွေ ပါဝင်လာပါတယ်။

အော်ပရေတာတွေက Galaxy S20 TE ဖုန်းနဲ့ ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်တွေ မှာ ဆက်သွယ်နိုင်ပြီး အကွာအဝေး ရှည်လျားပြီး အုပ်ချုပ်ရေးယူနစ်နဲ့ အဆက်အသွယ်မပျက်သွားအောင် လုပ်ပေးထားပါတယ်။ ဖုန်းမှာ night-vision mode နဲ့ stealth mode ပါဝင်ပြီး ချီတက်နေစဉ်မှာ တာဝန်ကို အစီအစဉ်ချဖို့ DeX software သုံးလို့ရပါတယ်။

Samsung Galaxy S20 TE မှာ တာဝန်နဲ့ပတ်သက်တဲ့ application များစွာ သုံးလို့ရပါတယ်။ ဖုန်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ ရေဒီယိုတွေနဲ့ mission system တွေနဲ့ ချိတ်ဆက်နိုင်တယ်။ 5G နဲ့ Wi-Fi 6 လည်းထောက်ပံ့ထားပါတယ်။ Galaxy S20 TE ကတော့ တတိယသုံးလပတ်မှ ပဲ ထွက်ရှိလာပါမယ်။

စိုးထက်
Ref: CNET

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .