စစ္တပ္အဆင့္ခံႏိုင္ရည္အားရွိတဲ့ K40s နဲ႔ K50s ကို LG မိတ္ဆက္

[ Zawgyi ]

LG အေနနဲ႔ IFA ကြန္ဖရင့္ျပဳလုပ္ေနတဲ့ ဘာလင္မွာ စမတ္ဖုန္းသစ္ေတြကုိ ျပသခဲ့ပါတယ္။ IFA ကြန္ဖရင့္ကေတာ့ စက္တင္ဘာလ ပထမပတ္မွာ စတင္ျပဳလုပ္မွာပါ။ LG ကမိတ္ဆက္ခဲ့တဲ့ ထုတ္ကုန္ေတြကေတာ့ K40s နဲ႔ K50s တို႔ျဖစ္ၿပီး အၾကမ္းခံႏိုင္အားေကာင္းတဲ့ အလယ္အလတ္တန္းစား ဖုန္းေတြျဖစ္ပါတယ္။

LG K40s

LG K40s မွာ အမည္မေဖာ္ျပထားတဲ့ ပ႐ိုဆက္ဆာ 2GHz octa-core CPU ပါဝင္လာပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားက ၆.၁ လက္မ 19.5:9 aspect ratio နဲ႔အတူ HD+ ႐ုပ္ထြက္အရည္အေသြးနဲ႔ 13MP selfie ကင္မရာကုိ ေရစက္ပုံစံ notch ထဲထည့္သြင္းထားပါတယ္။ ေက်ာဘက္မွာေတာ့ 13MP နဲ႔ 5MP ultrawide angle lens ကင္မရာ၂ လုံးကို ေရျပင္ညီထည့္သြင္းထားပါတယ္။ ဖုန္းမွာ RAM 2GB နဲ႔ 3GB ပါဝင္တဲ့ ေမာ္ဒယ္ ၃ မ်ိဳးရွိၿပီး storage 32GB နဲ႔ microSD ကတ္ေပါက္မွတစ္ဆင့္ ေနရာလြတ္တိုးခ်ဲ႕ႏိုင္ပါတယ္။ ဘက္ထရီကေတာ့ 3,500mAh ျဖစ္ေပမယ့္ အားသြင္းျမန္ဆန္တဲ့ လုပ္ေဆာင္ခ်က္ မပါဝင္ဘူးလို႔ သိရပါတယ္။ LG K40s က MIL-STD 810G အဆင့္သတ္မွတ္ခ်က္ရွိတဲ့အတြက္ အလြန္အၾကမ္းခံပါတယ္။

LG K50s

LG K50s မွာ ႀကီးမားတဲ့ ၆.၅ လက္မ မ်က္ႏွာျပင္ပါဝင္ၿပီး ႐ုပ္ထြက္အရည္အေသြး HD+ နဲ႔ ေရစက္ပုံစံ notch ပါဝင္လာပါတယ္။ LG K40s နဲ႔ကြာျခားခ်က္ကေတာ့ ဘက္ထရီက 4,000 mAh ပါဝင္တာျဖစ္ပါတယ္။ ဒါ့အျပင္ 2GHz octa-core ပ႐ိုဆက္ဆာကိုပဲ အသုံးျပဳထားေပမယ့္ 3GB/32GB ေမာ္ဒယ္တစ္မ်ိဳးကုိပဲ ထုတ္လုပ္ထားပါတယ္။ ေက်ာဘက္မွာ 2MP depth sensor အျပင္ 13MP နဲ႔ 5MP ultrawide ေတြ ပါဝင္လာပါတယ္။ LG K40s နဲ႔ K50s ကို အနက္နဲ႔အျပာဆိုၿပီး ထုတ္လုပ္ထားပါတယ္။ ေအာက္တိုဘာလမွာေတာ့ ဥေရာပ၊ လက္တင္အေမရိကနဲ႔ အာရွတို႔မွာ ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေစ်းႏႈန္းကုိ ထုတ္ျပန္သြားမွာျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

LG အနေနဲ့ IFA ကွန်ဖရင့်ပြုလုပ်နေတဲ့ ဘာလင်မှာ စမတ်ဖုန်းသစ်တွေကို ပြသခဲ့ပါတယ်။ IFA ကွန်ဖရင့်ကတော့ စက်တင်ဘာလ ပထမပတ်မှာ စတင်ပြုလုပ်မှာပါ။ LG ကမိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်တွေကတော့ K40s နဲ့ K50s တို့ဖြစ်ပြီး အကြမ်းခံနိုင်အားကောင်းတဲ့ အလယ်အလတ်တန်းစား ဖုန်းတွေဖြစ်ပါတယ်။

LG K40s

LG K40s မှာ အမည်မဖော်ပြထားတဲ့ ပရိုဆက်ဆာ 2GHz octa-core CPU ပါဝင်လာပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၁ လက်မ 19.5:9 aspect ratio နဲ့အတူ HD+ ရုပ်ထွက်အရည်အသွေးနဲ့ 13MP selfie ကင်မရာကို ရေစက်ပုံစံ notch ထဲထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ 13MP နဲ့ 5MP ultrawide angle lens ကင်မရာ၂ လုံးကို ရေပြင်ညီထည့်သွင်းထားပါတယ်။ ဖုန်းမှာ RAM 2GB နဲ့ 3GB ပါဝင်တဲ့ မော်ဒယ် ၃ မျိုးရှိပြီး storage 32GB နဲ့ microSD ကတ်ပေါက်မှတစ်ဆင့် နေရာလွတ်တိုးချဲ့နိုင်ပါတယ်။ ဘက်ထရီကတော့ 3,500mAh ဖြစ်ပေမယ့် အားသွင်းမြန်ဆန်တဲ့ လုပ်ဆောင်ချက် မပါဝင်ဘူးလို့ သိရပါတယ်။ LG K40s က MIL-STD 810G အဆင့်သတ်မှတ်ချက်ရှိတဲ့အတွက် အလွန်အကြမ်းခံပါတယ်။

LG K50s

LG K50s မှာ ကြီးမားတဲ့ ၆.၅ လက်မ မျက်နှာပြင်ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး HD+ နဲ့ ရေစက်ပုံစံ notch ပါဝင်လာပါတယ်။ LG K40s နဲ့ကွာခြားချက်ကတော့ ဘက်ထရီက 4,000 mAh ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် 2GHz octa-core ပရိုဆက်ဆာကိုပဲ အသုံးပြုထားပေမယ့် 3GB/32GB မော်ဒယ်တစ်မျိုးကိုပဲ ထုတ်လုပ်ထားပါတယ်။ ကျောဘက်မှာ 2MP depth sensor အပြင် 13MP နဲ့ 5MP ultrawide တွေ ပါဝင်လာပါတယ်။ LG K40s နဲ့ K50s ကို အနက်နဲ့အပြာဆိုပြီး ထုတ်လုပ်ထားပါတယ်။ အောက်တိုဘာလမှာတော့ ဥရောပ၊ လက်တင်အမေရိကနဲ့ အာရှတို့မှာ ရောင်းချသွားမှာ ဖြစ်ပြီး စျေးနှုန်းကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Ref: GSMArena