
စင်ကာပူနိုင်ငံ MDIS ရဲ့ ၂၀၂၀ ပညာသင်နှစ်သို့ ကျောင်းလျှောက်ထားလိုသူတွေအတွက် တစ်ဦးချင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ AT&S ပညာရေးဝန်ဆောင်မှု အဆောင်-၅၊ အခန်း-၄၊ MICT Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ တက်ရောက်နိုင်မယ့် အင်္ဂလန်တက္ကသိုလ်များအကြောင်း၊ ဘာသာရပ်များအကြောင်း၊ အင်္ဂလိပ်စာလိုအပ်ချက်၊ ပညာသင်ဆု၊ အလုပ်အကိုင် အခွင့်အလမ်းများအပြင် လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပေးမယ့် MDIS ရဲ့ သင်ကြားမှုပုံစံများအကြောင်းကို MDIS ရဲ့ country manager မှ AT&S (Overseas Education Services) မှာ အသေးစိတ် တစ်ဦးချင်းဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
ပွဲတက်ရောက်လိုပါက AT&S အဆောင် (၅) ၊ အခန်း (၄) ၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း (၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၀၆၂၁၆၁) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
-သန္တာ