စင်ကာပူရှိ MDIS ကျောင်း၏ ဝန်ဆောင်မှု နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဘွဲ့ဒီဂရီများအကြောင်း အွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်

စင်ကာပူရှိ MDIS ကျောင်းရဲ့ လက်တွေ့လုပ်ငန်းခွင်နဲ့ တွဲဖက် သင်ကြားရမယ့် ဝန်ဆောင်မှု နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့ဒီဂရီများ အကြောင်းကို အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

virtual online ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S Co.,Ltd ဖုန်း – ၀၉ ၅၀၆၂၁၇၁ သို့ ဆက်သွယ် စာရင်းပေးသွင်းပြီး ZOOM MEETING LINK ကိုရယူကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

MDIS ၏ school of Tourism and Hospitality မှာ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့လေ့ကျင့်နိုင်တဲ့ ပုံစံတူဟိုတယ်ခန်းတွေနဲ့ စားသောက်ခန်းတွေကို ကျောင်းဝန်းအတွင်း ထားရှိပေးထားတဲ့အတွက် ကျောင်းသူ ကျောင်းသားများ စာတွေ့ လက်တွေ့ တတ်မြောက်ရန် သင်ကြားနိုင်တဲ့ ထိပ်တန်း ကျောင်းတစ်ခု ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««