စင်ကာပူမှာ Zoom ကတစ်ဆင့် တရားခံကို သေမိန့်ပေး

စင်ကာပူနိုင်ငံမှာ COVID-19 ရောဂါကြောင့် နိုင်ငံတွင်း အဝင်၊ အထွက်ပိတ်ထားပါတယ်။ အခုအခါမှာတော့ နိုင်ငံတွင်း Zoom video call ကတစ်ဆင့် တရားခံကို သေမိန့်ချမှတ်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် Punithan Genasan ဆိုသူဟာ ၂၀၁၁ ခုနှစ် အတွင်း မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရပ်ဝေးကနေ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ စင်ကာပူရဲ့ ပထမဆုံး အမှု ဖြစ်လာပါတယ်။

ကမ္ဘာကြီးမှာ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သေဒဏ်ချမှတ်မှုက ရွံရှာဖွယ်ကောင်းတယ်လို့ လူသားချင်းစာနာမှု အခွင့်အရေးအဖွဲ့က တုံ့ပြန်ခဲ့ပါတယ်။

စင်ကာပူက တရားရုံး ကြားနာမှုများစွာကို ဇွန် ၁ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။ အဲဒီကာလကျမှပဲ စင်ကာပူ အဝင်၊အထွက်ကာလကို အဆုံးသတ်ဖွယ်ရှိပါတယ်။အရေးကြီးတဲ့ အမှုတွေကိုတော့ အွန်လိုင်းကနေ ကြားနာစစ်ဆေးလျက် ရှိပါတယ်။ Genasan ရဲ့ရှေ့နေ ပီတာဖာနန်ဒိုက အမှုသည်က အယူခံဝင်ဖို့ စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။

စင်ကာပူက တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်! ၂၀၁၃ ခုနှစ်အတွင်း လူ ၁၈ ဦးကို သေဒဏ်ချမှတ်ခဲ့တယ်။ နှစ် ၂၀ အတွင်း သေဒဏ်ချမှတ်မှုအများဆုံး ပမာဏဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: BBC

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…