စင်ကာပူပညာရေးနှင့်ပတ်သက်၍ Virtual Conference ပြုလုပ်မည်

စင်ကာပူနိုင်ငံရဲ့ Flexible ဖြစ်တဲ့ ပညာရေးလမ်းကြောင်းများကို အမှန်အကန် လေ့လာနိုင်ရန်အတွက် MSI Overseas Education ရဲ့ (၁၃) ကြိမ်မြောက် စင်ကာပူပညာရေး Virtual Conference ကို ဒီဇင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Zoom Application နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၆ ခု နဲ့ ပူးပေါင်းကျင်းပသွားမှာဖြစ်ပြီး Christmas နဲ့ New Year နီးကပ်လာတာကြောင့် ပျော်စရာ Quiz များဖြေဆိုရင်း Special Gift တွေပေးအပ်မယ့် အစီအစဉ်များ အပြင် Virtual Conference တက်ရောက်သူတွေ ကျောင်းအပ်နှံပါက Up to 100% Merit Scholarships (သို့) Study Grants တွေနဲ့ Application Fees ကင်းလွတ်ခွင့်တွေစတဲ့ အထူးခံစားခွင့်တွေ ပါဝင်မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Covid ကာလအတွင်း ကျောင်းသားရော၊ မိဘရော ဒွိဟဖြစ်နေတဲ့ “နိုင်ငံခြားမှာ ကျောင်းတွေပြန်သွားတက်လို့ရ ပြီလား?” ဆိုတဲ့ အမေး၊ အဖြေကဏ္ဍများ ၊ UK, USA, Australia,New Zealand,Europe တို့လို ဝေးတဲ့နိုင်ငံတွေကို အိမ်ကစိတ်မချလို့ မလွှတ်ဘူးဆိုရင် ဒီလိုနိုင်ငံကြီးတွေရဲ့ ဘွဲ့ဒီဂရီတွေကို စင်ကာပူနိုင်ငံကနေပဲ ဘယ်လို တက္ကသိုလ် ကျောင်းကောင်းတွေကနေ ရွေးချယ်တက်ရောက်နိုင်မလဲ၊ ကိုး တန်းအောင်ထားတယ်၊ ဆယ်တန်းဖြေထားပြီး အမှတ်စာရင်းမရသေးသူများ တက်ရောက်နိုင်တဲ့ တက္ကသိုလ်ကျောင်း ကောင်းတွေ ၊ Design ပညာရပ်သင်ယူဖို့ စိတ်အားထက်သန် နေသူများ၊ Career ပြောင်းစရာမလိုဘဲ Online ကနေ ဘယ်လိုနည်းစနစ်ကျကျ သင်ယူနိုင်မလဲ? ၊ HND/NCC/Abe Level (5) တို့လို UK Diploma ပြီးထားသူတွေအနေနဲ့ IELTS မလိုတဲ့အပြင် ဘာသာရပ်ကင်းလွတ်ခွင့် တွေအတွက်ပါ လေ့လာသိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ MSI Yangon ဖုန်း-၀၉၅၁၀၃၉၁၅ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««