စင်ကာပူနိုင်ငံ SMU နှင့် MIU တို့ပူးပေါင်းကာ Strategy for Success Certificate programme များ ဖွင့်လှစ်မည်

Myanmar Imperial University နဲ့ စင်ကာပူနိုင်ငံ Singapore Management University- SMU တို့ ပူးပေါင်းကာ မြန်မာလူငယ်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းခွင်တွေ အတွက် Strategy for Success Certificate programme တွေဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Strategy for Success Certificate programme တွေအနေနဲ့ Marketing and Entrepreneurship Fire-side Chat for Success ဆိုတဲ့ Certificate Programme ကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို SMU မှ စီးပွားရေးကို အထူးအတွေ့အကြုံရှိ Professor များ၊ MIU ရှိ စီးပွားရေးအတွေ့အကြုံရှိ Professor များမှ စနစ်တကျ ဝေမျှ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MIU အနေနဲ့ မြန်မာလူငယ်တွေရဲ့ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာရှိ အဆင့်မြင့်တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး Corporate Programme များကိုစီစဉ်ပေးလျက်ရှိရာ စင်ကာပူနိုင်ငံရှိ အစိုးရထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်တဲ့ Singapore Management University-SMU လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

Myanmar Imperial University မှာ တက်ရောက်သင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြည်ပရှိ ထိပ်တန်းတက္ကသိုလ်တွေနဲ့ ထိတွေ့မှု ရရှိစေရန် SMU နဲ့ ပူးပေါင်းပြီး “Strategic Marketing Management Programme” ကိုလည်း ၂၀၁၉ ခုနှစ်က ဖွင့်လှစ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««