စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ် ကျောင်းဖွင့်ချိန် အတွက် Tuition Grant ပေးအပ်မည်

စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် Tuition Grant ပေးအပ်သွားမယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားတဲ့ မြန်မာနိုင်ငံမှ ၁၀ တန်းအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့သင်္ချာ အမှတ်( ၇၀) ရာခိုင်နှုန်းရှိသူများ၊ IGCSE ဖြေဆိုအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ Grade (B) ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားများကို Diploma in Construction Engineering ဘာသာရပ်အတွက် Tuition Grant စင်ကာပူဒေါ်လာ ၂၀၀၀ ပေးအပ်မှာ ဖြစ်ပြီး ၀င်ခွင့်အနေနဲ့ IELTS ( 5.5) ရှိရန် လိုအပ်ပါတယ်။

Tourism & Hospitality ဘာသာရပ်နဲ့ Business ဘာသာရပ်တွေအတွက် ပေးအပ်နေတဲ့ Tuition Grant တွေကတော့ Diploma တန်းအတွက် စင်ကာပူဒေါ်လာ ၁၀၀၀၊ Postgraduate Diploma တန်းအတွက် စင်ကာပူဒေါ်လာ ၂၀၀၀၊ Advanced Diploma တန်းအတွက် စင်ကာပူဒေါ်လာ ၂၀၀၀၊ Master of Business Administration (MBA) အတွက် စင်ကာပူဒေါ်လာ ၆၅၀၀၊ York St John University ,UK မှ တိုက်ရိုက်ပေးအပ်တဲ့ Business Degree တွေအတွက် စင်ကာပူဒေါ်လာ ၅၀၀၀ ပေးအပ်လျက်ရှိပါတယ်။ IELTS မဖြေဆိုရသေးသူတွေအတွက် အင်္ဂလိပ်စာဝင်ခွင့်စာမေးပွဲကို STUDY ABROAD Information Centre မှာ အခမဲ့ စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေ အနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး)၊ ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄၊ (မန္တလေးရုံး) နဲ့ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ