စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) ၏ မေလကျောင်းဖွင့်ချိန်အတွက် Study Grant ကိုလျှောက်ထားနိုင်

စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) ရဲ့ ၂၀၂၀ ပြည့်နှစ် မေလကျောင်းဖွင့်ချိန် အတွက် STUDY Grant များ ရယူလျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

Tourism & Hospitality ဘာသာရပ်ကို တက်ရောက်လိုတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေအနေနဲ့ Nanyang Institute of Management (NIM )မှာ တက်ရောက်နိုင်ပြီး စာတွေ့ (၆) လ ၊လက်တွေ့ (၆) လနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ SGD 2000 , SGD 3000 ရရှိနိုင်မယ့် Study Grant တွေလျှောက်ထားနိုင်ပါတယ်‌။ Diploma in Construction Engineering အတွက် SGD 2000 ရရှိနိုင်မယ့် Study Grant ကိုလည်း လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

NIM တွင် စီးပွားရေးဘာသာရပ်ကို တက်ရောက်လိုသူတွေအနေနဲ့ Business Management , Business Management and Finance , Marketing Management , Logistics and Supply Chain Management အစရှိတဲ့ ဘာသာရပ်တွေကို ရွေးချယ် တက်ရောက်နိုင်ပြီး Diploma တန်းမှ စတင်ကာ Bachelor တန်းအထိ တက်ရောက်နိုင်ပါတယ်။ စီးပွားရေး ဘွဲ့လွန်ရယူလိုသူတွေအနေနဲ့ Master of Business Administration ကိုပါ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Master of Business Administration တက်ရောက်သူတွေအနေနဲ့ ကျပ်သိန်း ၇၀ ကျော်ရရှိနိုင်မယ့် Study Grant တွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး)၊ ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး၊ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ