စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်မည့် Dr. Goh Keng Swee ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ

စင်ကာပူနိုင်ငံမှာ ရာနှုန်းပြည့်ပညာသင်ဆုနဲ့ သွားရောက်ပညာသင်ကြားနိုင်မယ့် Dr. Goh Keng Swee ပညာသင်ဆု အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

အဆိုပါ ပညာသင်ဆုကို Association of Bank in Singapore (ABS) က နှစ်စဥ်ပေးအပ်တာ ဖြစ်ပြီး လျှောက်လွှာတွေကို မတ် ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU), Singapore University of Technology and Design (SUTD) အစရှိတဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ရမှာဖြစ်ပါတယ်။ ပညာသင်ဆုအနေနဲ့ စာသင်နှစ် ၄ နှစ်စာအတွက် ပေးအပ်မှာဖြစ်ပြီး ​ကျောင်းလခအပြည့်အဝ ကင်းလွတ်ခွင့်၊ အခြား‌ အထွေထွေကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်ခ၊ စင်ကာပူဒေါ်လာ ၆၅၀၀ (နှစ်စဉ်​ထောက်ပံ့​ကြေး) မိမိ တက်ရောက်မယ့် ကျောင်းရဲ့ Hostel နေထိုင်ခွင့် နဲ့ စင်ကာပူဒေါ်လာ ၂၀၀ (settling – in allowance) တို့ကို ပေးအပ်မှာဖြစ်ပါတယ်။

အသေးစိတ်ကို https://bit.ly/3j18Prp မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««