စင်ကာပူနှင့် နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည်

[ Zawgyi ]





-သန္တာ

[ Unicode ]

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုနဲ့ Management Development Institute of Singapore (MDIS) တို့ ပူးပေါင်းပြီး စင်ကာပူနှင့် နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပညာရေးနှီးနှောဖလှယ်ပွဲတွေကို သြဂုတ်လ ၃၁ ရက်၊ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာ လည်းကောင်း၊ စက်တင်ဘာလ ၁ ရက်၊ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (Taungngu Room) မှာ လည်းကောင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

အထူးခံစားခွင့်အနေနဲ့ ပွဲနေ့မှစ၍နှစ်ပတ်အတွင်း MSI နိုင်ငံခြား ပညာရေးဝန်ဆောင်မှုနဲ့ ကျောင်းလျှောက်ထားမယ့် ကျောင်းသား/သူတွေကို Application Fees စင်ကာပူဒေါ်လာ ၃၂၁ ကင်းလွတ်ခွင့်၊ ဘွဲ့ဒီဂရီတန်း လျှောက်ထားမယ့်သူတွေ အတွက် Study Grant စင်ကာပူဒေါ်လာ ၁၅၀၀ နဲ့ ဘွဲ့လွန်တန်းလျှောက်ထားမယ့်သူတွေ အတွက် Study Grant စင်ကာပူဒေါ်လာ ၂၀၀၀ တို့ကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ပွဲမှာ MDIS ရဲ့ School of Hospitality & Tourism Department မှ Lecturer ဖြစ်သူ Mr.Azmi Danial မှ ကျောင်းသားလူငယ်များအတွက် စိတ်ဝင်စားစရာ ဂိမ်းအစီအစဉ်များ၊ အမေးအဖြေ ကဏ္ဍများနဲ့ ဗဟုသုတ ဖလှယ်မယ့် အစီအစဉ်များစွာကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ မန္တလေး ရုံး ဖုန်း – ၀၉၄၄၄၄၄၃၉၁၆၊ ၀၉၄၄၄၄၄၃၉၁၇ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။