စင်ကာပူနှင့်ထိုင်းနိုင်ငံရှိ တက္ကသိုလ်များကို လေ့လာနိုင်မည့် International Youth Summer Program အတွက် စာရင်းပေးသွင်းနိုင်
[ Zawgyi ]
ပရိုဂရမ်ကတော့ စင်ကာပူမှာဆိုရင် National University of Singapore (NUS) အပါအ၀င် James Cook University(SG), Kaplan Higher Education Academy, Management Development Institute of Singapore (MDIS), Nanyang Institute of Management (NIM), PSB Academy, Singapore Institute of Management (SIM) အစရှိတဲ့ ကျောင်းတွေကို လေ့လာနိုင်မယ့် အစီအစဉ်တွေ ပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံက တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Assumption University, Bangkok University, Rangsit University, Stamford University နဲ့ Webster University Thailand အစရှိတဲ့ ကျောင်းတွေမှာပါ ကိုယ်တိုင်သွားရောက် လေ့လာ သင်ကြားခွင့်ရမယ့်အပြင် ဘယ်လိုဘာသာရပ်က ကိုယ်နဲ့ကိုက်ညီမှုရှိမယ် ဆိုတာကို အရွေးမမှားရအောင် Lecturesတွေ၊ Workshop တွေ တက်ရောက်ပြီး စာသင်ကြားနိုင်ဖို့ပါ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
လိုက်ပါလိုသူတွေအနေနဲ့ Crown Education ၀၁-၅၂၇၈၃၈၊ ၀၉ ၄၄၅၅၆၆၇၀၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။
-သန္တာ
[ Unicode ]
စင်ကာပူနဲ့ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေမှာ သွားရောက်လေ့လာ ပညာသင်ယူနိုင်မယ့် International Youth Summer Program ကို ဇူလိုင်လ ၁၂ ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါတယ်။
ပရိုဂရမ်ကတော့ စင်ကာပူမှာဆိုရင် National University of Singapore (NUS) အပါအဝင် James Cook University(SG), Kaplan Higher Education Academy, Management Development Institute of Singapore (MDIS), Nanyang Institute of Management (NIM), PSB Academy, Singapore Institute of Management (SIM) အစရှိတဲ့ ကျောင်းတွေကို လေ့လာနိုင်မယ့် အစီအစဉ်တွေ ပါ၀င်မှာဖြစ်ပြီး ထိုင်းနိုင်ငံက တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Assumption University, Bangkok University, Rangsit University, Stamford University နဲ့ Webster University Thailand အစရှိတဲ့ ကျောင်းတွေမှာပါ ကိုယ်တိုင်သွားရောက် လေ့လာ သင်ကြားခွင့်ရမယ့်အပြင် ဘယ်လိုဘာသာရပ်က ကိုယ်နဲ့ကိုက်ညီမှုရှိမယ် ဆိုုတာကို အရွေးမမှားရအောင် Lecturesတွေ၊ Workshop တွေ တက်ရောက်ပြီး စာသင်ကြားနိုင်ဖို့ပါ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
Learning Workshop တွေမှာ Business & Marketing, Engineering, Fashion and Design, Information Technology, Life Science, Tourism & Hospitality အစရှိတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူခွင့် ရမှာဖြစ်ပြီး အဆိုပါသင်တန်းများကို တက်ရောက်ပြီးစီးပါက တစ်ဦးချင်း သီးသန့် Certificate တွေကိုလဲ ပေးအပ်မှာပါ။
စာသင်ကြားရေး အစီအစဉ်တွေ အပြင် ကျောင်းသား၊ ကျောင်းသူတွေ အပန်းဖြေလည်ပတ်နိုင်ဖို့ Tourist Attraction နေရာတွေ၊ စျေးဝယ်ဖို့အကောင်းဆုံး Shopping Paradise နေရာတွေ၊ စင်ကာပူနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ အထင်ကရနေရာတွေကိုလည်း လည်ပတ်ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ခရီးစဉ်ကတော့ သြဂုတ်လ ထဲမှာဖြစ်ပြီး လိုက်ပါလိုသူတွေ အနေနဲ့ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင် ဒါမှမဟုတ် iGCSE/ GCE ‘O’ Level ဖြေဆိုအောင်မြင် ထားရမှာဖြစ်ပါတယ်။
လိုက်ပါလိုသူတွေအနေနဲ့ Crown Education ၀၁-၅၂၇၈၃၈၊ ၀၉ ၄၄၅၅၆၆၇၀၁၊ ဝ၉ ၄၄ ၅၅ ၆၆ ရဝ၂ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။
-သန္တာ