စင်ကာပူနိုင်ငံ James Cook University မှာ Master of Information Technology ကိုတက်ရောက်နေတဲ့ မောင်ဝေယံမောင်ဦးရဲ့ Student Life

စင်ကာပူနိုင်ငံ James Cook University မှာ Master of Information Technology ကိုတက်ရောက်နေတဲ့ မောင်ဝေယံမောင်ဦးရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ ဘယ်တက္ကသိုလ်မှာ ဘာဘာသာရပ်ကို တက်ရောက်မှာပါလဲ။

James Cook University Singapore မှာ Master of Information Technology ကိုတက်ရောက်မှာပါ။ မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ ခေတ်မစားသေးပါဘူး။

Jame Cook University ကို ဘယ်လိုအချက်အလက်တွေကြောင့် ရွေးချယ်ခဲ့တာလဲ။

JCUS ကို ရွေးချယ်ရတဲ့အကြောင်းကတော့ ကျွန်တော်သင်ကြားမယ့် Master of Information Technology မှာ သင်ကြားရမယ့် ဘာသာရပ်တွေနဲ့ ရွေးချယ်ရမယ့် ဘာသာရပ်တွေကို စိတ်ဝင်စားလို့ပါ။

ကျောင်းလျှောက်တုန်းက ဘယ်လိုအခက်အခဲတွေ ရှိခဲ့သေးလဲ။

ကျောင်းလျှောက်တုန်းကတော့ အခက်အခဲမရှိပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ အထောက်အထားတွေ၊ Student Pass သက်တမ်းတိုးဖို့ ကိစ္စတွေအားလုံးကို STUDY ABROAD Information Centre က အစစ အရာရာ ကူညီဆောင်ရွက်ပေးလို့ အရမ်းအဆင်ပြေပါတယ်။

မာစတာပြီးသွားရင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

မာစတာပြီးသွားရင်တော့ ကျွန်တော်ရည်ရွယ် ထားတဲ့အတိုင်း အလုပ်လုပ်တဲ့အခါ အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ Master ပြီးရင်တော့ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ MBA or PHD in Information system ဆက်တက်ဖြစ်ဖို့ စဉ်းစားနေတုန်းပါ။

ကျောင်းတက်ဖို့ပြင်ဆင်တုန်း ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရလဲ။

ကျောင်းတက်ဖို့ပြင်ဆင်တဲ့အခါမှာ အရေးကြီးတာကတော့ ကိုယ်တကယ်စိတ်ဝင်စားပြီး သင်ကြားချင်တဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာသာရွေးချယ်ပြီးသွားရင်တော့ ဘယ်မှာ သွားတက်မလဲဆိုတာ ဆုံးဖြတ်ပါတယ်။ ပြီးတော့ ကျောင်းကများတော့ ကျွန်တော်ရွေးရခက်ပါတယ်။ ကျောင်းလျှောက်တဲ့ Procedure ကလည်း အရမ်းရှုပ်တော့ ကျွန်တော် Bachelor တက်တုန်းက အစစအရာရာ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ STUDY ABROAD Information Centre ကိုပဲ သွားရောက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

ကျောင်းပြီးသွားရင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ကျောင်းပြီးသွားရင်တော့ အတွေ့အကြုံရအောင် သုံးနှစ်၊ လေးနှစ်လောက် စင်ကာပူမှာပဲ အလုပ်လုပ်ပါမယ်။ ပြီးတော့ သင်ကြားထားတဲ့
ပညာရပ်တွေနဲ့ ရရှိလာမယ့် အတွေ့အကြုံတွေကိုပေါင်းပြီး မြန်မာပြည်မှာ Mobile Application တွေရေးပါမယ်။ မြန်မာနိုင်ငံအတွက် အသုံးဝင်မယ်လို့ ကျွန်တော်စဉ်းစားထားတဲ့ Mobile application တွေက အများကြီးပါ။ ပထမဆုံးအနေနဲ့ Eatigo ဆိုတဲ့ စားသောက်ဆိုင် Booking လုပ်တဲ့ Application ကို မြန်မာနိုင်ငံမှာ သုံးလို့ရအောင် ရေးချင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာ ကျောင်းသားတွေနဲ့အတူတူ ကျောင်း Project လုပ်ပြီး နောက်တစ်ချိန်မှာပြန်ပြီး Software တွေ အတူတူရေးချင်ပါတယ်။

ပြည်ပမှာကျောင်းတက်မယ့် သူတွေအတွက် ဘာတွေပြင်ဆင်ထားသင့်လဲ။

ပြည်ပမှာကျောင်းတက်မယ် ဆိုရင်တော့ English စာကို အရင်ကျွမ်းကျင်အောင် လုပ်ရပါမယ်။ ပြီးရင် ကျွန်တော်ပြောခဲ့သလိုပဲ အရင်ဆုံး
major ကိုရွေးချယ်ပါ။ နောက်တက်မယ့် နိုင်ငံကိုဆုံးဖြတ်ပါ။ ပြီးရင်တော့ ကျောင်းကိုရွေးချယ်ပါလို့ ပြောချင်ပါတယ်။ ရွေးတဲ့အခါ ကိုယ်က
Business Major ယူမယ်ဆိုရင် သူနဲ့ပတ်သက်တဲ့ Subject တွေကို လေ့လာသင့်ပါတယ်။ နှစ်သက်တယ်ဆိုမှ ရွေးချယ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကျောင်းရှိတဲ့နိုင်ငံကိုလည်း ကျောင်းမတက်ခင်သွားရောက် လည်ပတ်ကြည့်ဖို့ ပြောချင်ပါတယ်။ ဒါဆိုရင်တော့ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။

-ဝေဝေ