စင္ကာပူတြင္ ျပဳလုပ္သည့္ အလုပ္အကုိင္ျပပြဲ သို႔ ျမန္မာႏုိင္ငံသား ၂၀၀၀ ေက်ာ္တက္ေရာက္

[ Zawgyi ]

စင္ကာပူႏုိင္ငံရွိ ျမန္မာႏုိင္ငံသားမ်ားကို မိခင္ႏုိင္ငံသို႔ အလုပ္လာေရာက္လုပ္ကုိင္ရန္ အတြက္ ရည္ရြယ္ကာ က်င္းပခဲ့တဲ့ စင္ကာပူႏိုင္ငံတြင္ ျပဳလုပ္ေသာ အလုပ္အကုိင္ျပပြဲသို႔ ျမန္မာႏိုင္ငံသား ၂၀၀၀ ေက်ာ္ လာေရာက္ခဲ့တယ္လုိ႔ Jobnet.com.mm က သတင္းထုတ္ျပန္ထားပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ တိုင္းျပည္အတြင္းမွာ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕ အေျခခံဟာ လူ႔စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးေရးနဲ႔ တိုက္႐ုိက္အခ်ဳိးက်ေနတယ္ ဆိုတာကုိ အျပည့္အဝ ယုံၾကည္ထားပါတယ္။ ဒါေၾကာင့္ပဲ ႏိုင္ငံအတြင္းကုိ ကၽြမ္းက်င္လုပ္သားေတြ ျပန္လည္ေရာက္ရွိလာၿပီး ႏိုင္ငံ စီးပြားေရး တိုးတက္ရာမွာ အေထာက္အကူျပဳဖို႔အတြက္ ဒီလို အလုပ္အကုိင္ျပပြဲမ်ဳိးကုိ က်င္းပတာပဲ ျဖစ္ပါတယ္”ဟု JobNet.com.mm ၏ အမႈေဆာင္အရာရွိခ်ဳပ္ Mr. Justin Sway က ေျပာပါတယ္။

အဆိုပါ အလုပ္အကုိင္ျပပြဲသုိ႔ ထိပ္တန္းကုမၸဏီမ်ား ျဖစ္တဲ့ CB Bank, CDSG, MPT, Myanmar Net, MPRL, RMA ႏွင့္ Oway တို႔အပါအဝင္ ကုမၸဏီေပါင္း ၂၀ ဝန္းက်င္ခန္႔က ၎တို႔ ကုမၸဏီအတြက္ အလုပ္အကုိင္ေတြကုိ ကုိယ္တိုင္ကုိယ္က် လာေရာက္ေခၚယူခဲ့တဲ့ အျပင္ ျပပြဲလာေရာက္သူေတြ အေနနဲ႔ JobNet.com.mm မွ ေထာင္ေပါင္းမ်ားစြာေသာ အလုပ္ အကုိင္ေတြကုိလည္း ေလွ်ာက္ထားခဲ့တယ္လုိ႔ သိရပါတယ္။

ျမန္မာႏိုင္ငံသားေတြအတြက္ အဓိကရည္ရြယ္ျပဳလုပ္တဲ့ အႀကီးဆုံး အလုပ္အကုိင္ ျပပြဲျဖစ္ၿပီး အဆိုပါအလုပ္အကုိင္ျပပြဲကုိ စင္ကာပူႏုိင္ငံရွိ Raffles City Convention Centre တြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၁၄ ရက္ႏွင့္ ၁၅ ရက္ေတြမွာ နံနက္ ၉ နာရီ မွ ည ၉ နာရီအထိ ျပဳလုပ္ခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရန် အတွက် ရည်ရွယ်ကာ ကျင်းပခဲ့တဲ့ စင်ကာပူနိုင်ငံတွင် ပြုလုပ်သော အလုပ်အကိုင်ပြပွဲသို့ မြန်မာနိုင်ငံသား ၂၀၀၀ ကျော် လာရောက်ခဲ့တယ်လို့ Jobnet.com.mm က သတင်းထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဟာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ တိုက်ရိုက်အချိုးကျနေတယ် ဆိုတာကို အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ နိုင်ငံအတွင်းကို ကျွမ်းကျင်လုပ်သားတွေ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံ စီးပွားရေး တိုးတက်ရာမှာ အထောက်အကူပြုဖို့အတွက် ဒီလို အလုပ်အကိုင်ပြပွဲမျိုးကို ကျင်းပတာပဲ ဖြစ်ပါတယ်”ဟု JobNet.com.mm ၏ အမှုဆောင်အရာရှိချုပ် Mr. Justin Sway က ပြောပါတယ်။

အဆိုပါ အလုပ်အကိုင်ပြပွဲသို့ ထိပ်တန်းကုမ္ပဏီများ ဖြစ်တဲ့ CB Bank, CDSG, MPT, Myanmar Net, MPRL, RMA နှင့် Oway တို့အပါအဝင် ကုမ္ပဏီပေါင်း ၂၀ ဝန်းကျင်ခန့်က ၎င်းတို့ ကုမ္ပဏီအတွက် အလုပ်အကိုင်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ယူခဲ့တဲ့ အပြင် ပြပွဲလာရောက်သူတွေ အနေနဲ့ JobNet.com.mm မှ ထောင်ပေါင်းများစွာသော အလုပ် အကိုင်တွေကိုလည်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အဓိကရည်ရွယ်ပြုလုပ်တဲ့ အကြီးဆုံး အလုပ်အကိုင် ပြပွဲဖြစ်ပြီး အဆိုပါအလုပ်အကိုင်ပြပွဲကို စင်ကာပူနိုင်ငံရှိ Raffles City Convention Centre တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်တွေမှာ နံနက် ၉ နာရီ မှ ည ၉ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

-သန္တာ