စကၤာပူႏိုင္ငံ၏ ပုဂၢလိကတကၠသိုလ္တြင္ ပညာသင္ဆုေလွ်ာက္ထားႏိုင္

[ Zawgyi ]

စကၤာပူႏိုင္ငံရဲ႕ ပုဂၢလိက တကၠသိုလ္ျဖစ္တဲ့ Singapore Institute of Management Global Education (SIM GE) မွာ ေက်ာင္းလခကင္းလြတ္ခြင့္ ပညာသင္ဆု ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ဒီပလိုမာတန္းနဲ႔ ဘြဲ႔ဒီဂရီတန္းဆိုၿပီး ႏွစ္မ်ိဳးခြဲထားကာ အဆိုပါပညာသင္ဆု ႏွစ္မ်ိဳးလံုးအတြက္ ေလွ်ာက္ထားႏိုင္တယ္လို႔သိရပါတယ္။ ၁၅ လၾကာတက္ေရာက္ရမယ့္ ဒီပလိုမာ သင္တန္းအတြက္ စာရင္းကိုင္ပညာဒီပလိုမာ (Diploma in Accounting), ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာ ေရးဆိုင္ရာ (Diploma in Banking & Finance), ႏိုင္ငံတကာစီးပြားေရး ဒီပလိုမာ (Diploma in Internation Business) နဲ႔ စီမံခန္႔ခြဲေရးဆိုင္ရာ ဒီပလိုမာ ဆုိၿပီး ဘာသာရပ္ေလးမ်ိဳးအတြက္ ေလွ်ာက္ ထားႏိုင္တယ္လို႔သိရပါတယ္။ ၃ ႏွစ္ကေန ၄ ႏွစ္အတြင္း တက္ေရာက္ရတဲ့ ဘြဲ႔သင္တန္းေတြအတြက္ ပညာသင္ဆုကို စာေပထူးခၽြန္ဆုနဲ႔ အားကစား/အႏုပညာထူးခၽြန္ဆု ႏွစ္မ်ိဳးခြဲထားကာ GCE A Level နဲ႔ညီမွ်တဲ့စာေမး ပြဲကုိထူးခၽြန္စြာ ေအာင္ျမင္ထားသူေတြ ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ပညာသင္ဆု ခ်ီျမႇင့္ခံရသူ ေက်ာင္းသူ၊ ေက်ာင္းသားေတြအေနနဲ႔ စကၤာပူေဒၚလာ ၁၁၇၇၀ နဲ႔ညီမွ်တဲ့ ေက်ာင္းလခ ကင္းလႊတ္ခြင့္ ရရွိ္မွာျဖစ္ေၾကာင္း သိရပါတယ္။ ပညာသင္ဆုရွိသူေတြအေနနဲ႔ အတန္းတြင္းေလ့က်င့္ခန္းေတြ၊ အစမ္းစာေမးပြဲ၊ စာေမးပြဲေတြ အားလံုးကိုေျဖဆိုဖို႔လိုအပ္မွာျဖစ္ကာ စာသင္ႏွစ္ဝက္တိုင္းမွာ ပညာသင္ဆုရေက်ာင္းသား၊ ေက်ာင္းသူ ေတြရဲ႕ အရည္အခ်င္းကို စစ္ေဆးသံုးသပ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ဒီပလိုမာအတန္းအတြက္ ပညာသင္ဆု ေလွ်ာက္ထားလိုသူေတြအေနနဲ႔ လာမယ့္ ေအာက္တို ဘာလတြင္ ဖြင့္လွစ္မယ့္အတန္းအတြက္ ဧၿပီ ၁ ရက္ကေန ဇြန္ ၃၀ အတြင္း၊ ၂၀၁၉ ဧၿပီမွာ ဖြင့္လွစ္ မယ့္အတန္းအတြက္ လာမည့္ ေအာက္တိုဘာ ၁ ရက္ကေန ဒီဇင္ဘာ ၃၀ ရက္အတြင္းေလွ်ာက္ထား ႏိုင္တယ္လို႔သိရပါတယ္။

ဘြဲ႔ဒီဂရီအတန္းေတြအတြက္ မတ္လနဲ႔ စက္တင္ဘာလအတြင္း ေလွ်ာက္ထားႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ အေသးစိတ္အခ်က္ေတြကို သိရွိလိုသူေတြအေနနဲ႔ http://myanmar.simge.edu.sg/ , SIM GE Myanmar Facebook စာမ်က္ႏွာတို႔မွာ ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

စင်္ကာပူနိုင်ငံရဲ့ ပုဂ္ဂလိက တက္ကသိုလ်ဖြစ်တဲ့ Singapore Institute of Management Global Education (SIM GE) မှာ ကျောင်းလခကင်းလွတ်ခွင့် ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒီပလိုမာတန်းနဲ့ ဘွဲ့ဒီဂရီတန်းဆိုပြီး နှစ်မျိုးခွဲထားကာ အဆိုပါပညာသင်ဆု နှစ်မျိုးလုံးအတွက် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ ၁၅ လကြာတက်ရောက်ရမယ့် ဒီပလိုမာ သင်တန်းအတွက် စာရင်းကိုင်ပညာဒီပလိုမာ (Diploma in Accounting), ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာ ရေးဆိုင်ရာ (Diploma in Banking & Finance), နိုင်ငံတကာစီးပွားရေး ဒီပလိုမာ (Diploma in Internation Business) နဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဒီပလိုမာ ဆိုပြီး ဘာသာရပ်လေးမျိုးအတွက် လျှောက် ထားနိုင်တယ်လို့သိရပါတယ်။ ၃ နှစ်ကနေ ၄ နှစ်အတွင်း တက်ရောက်ရတဲ့ ဘွဲ့သင်တန်းတွေအတွက် ပညာသင်ဆုကို စာပေထူးချွန်ဆုနဲ့ အားကစား/အနုပညာထူးချွန်ဆု နှစ်မျိုးခွဲထားကာ GCE A Level နဲ့ညီမျှတဲ့စာမေး ပွဲကိုထူးချွန်စွာ အောင်မြင်ထားသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပညာသင်ဆု ချီမြှင့်ခံရသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စင်္ကာပူဒေါ်လာ ၁၁၇၇၀ နဲ့ညီမျှတဲ့ ကျောင်းလခ ကင်းလွှတ်ခွင့် ရရှိ်မှာဖြစ်ကြောင်း သိရပါတယ်။ ပညာသင်ဆုရှိသူတွေအနေနဲ့ အတန်းတွင်းလေ့ကျင့်ခန်းတွေ၊ အစမ်းစာမေးပွဲ၊ စာမေးပွဲတွေ အားလုံးကိုဖြေဆိုဖို့လိုအပ်မှာဖြစ်ကာ စာသင်နှစ်ဝက်တိုင်းမှာ ပညာသင်ဆုရကျောင်းသား၊ ကျောင်းသူ တွေရဲ့ အရည်အချင်းကို စစ်ဆေးသုံးသပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒီပလိုမာအတန်းအတွက် ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် အောက်တို ဘာလတွင် ဖွင့်လှစ်မယ့်အတန်းအတွက် ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ အတွင်း၊ ၂၀၁၉ ဧပြီမှာ ဖွင့်လှစ် မယ့်အတန်းအတွက် လာမည့် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက်အတွင်းလျှောက်ထား နိုင်တယ်လို့သိရပါတယ်။

ဘွဲ့ဒီဂရီအတန်းတွေအတွက် မတ်လနဲ့ စက်တင်ဘာလအတွင်း လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အသေးစိတ်အချက်တွေကို သိရှိလိုသူတွေအနေနဲ့ http://myanmar.simge.edu.sg/ , SIM GE Myanmar Facebook စာမျက်နှာတို့မှာ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-အောင်သက်ကို