စက္ကန့်အလိုက်ဘီလ်ကောက်ခံမည့်စနစ် Mytel ပြုလုပ်

[Zawgyi]




-ထွန်းထွန်း

[Unicode]

Mytel က ဖုန်းပြောဆိုခကျသင့်ငွေကို စက္ကန့်အလိုက်ကောက်ခံသွားမယ်လို့သိရပါတယ်။

အဲဒီအစီအစဉ်ကို 1s=1s လို့နာမည်ပေးထားကြောင်း Mytel ရဲ့ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦး ဇော်မင်းဦးကပြောပါတယ်။ “သုံးစွဲသူအနေနဲ့ ကွန်ရက်အသုံးပြုနေချိန် သူတို့ရဲ့ဖုန်းခေါ်ဆိုတဲ့အချိန်အ လိုက်သာပေးဆောင်ရမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။ Mytel SIM ကတ်စတင် သုံးစွဲမယ့်သူတွေ အတွက် ၁၅၀၀ MB နဲ့ မိနစ် ၁၅၀ ရရှိမယ့် အစမ်းသုံး အစီအစဉ်ကိုလည်း ပထမ ၃ လမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ Mytel (မိုက်တယ်) package နဲ့ ပထမတစ်လအတွင်း ၄၀၀၀ ကျပ်နဲ့ အင်တာနက် 5 GB ၊ မိနစ် ၂၅၀ ရရှိနိုင်မှာဖြစ်ကြောင်း၊ သုံးသလောက် ပေးအစီအစဉ်အဖြစ် ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ၁ MB ကို ၅ ကျပ်၊ ၁ မိနစ် ၁၀ ကျပ်နှုန်းနဲ့ သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဘယ်ရက်မှာမဆို ငွေဖြည့်ကတ်ပမာဏဘယ်လောက်မဆို ဖြည့်သွင်းလို့ရှိရင် ၁၀၀ ရာခိုင်နှုန်း အပြည့် ပြန်လည်ပေးမယ့်ပရိုမိုးရှင်းကိုလည်းဆောင်ရွက်ထားပါတယ်။ ဇွန်လ ၉ ရက်က မြန်မာနိုင်တစ်နိုင်ငံလုံး အတိုင်းအတာဝန်ဆောင်မှုပေးဖို့မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

-ထွန်းထွန်း