စက်ရုပ်ကုမ္ပဏီ Boston Dynamics ကို Hyundai Motors ဝယ်ယူ

စိတ်ဝင်စားစရာကောင်းတဲ့ စက်ရုပ်တွေ တီထွင်လေ့ရှိတဲ့ Boston Dynamics ကုမ္ပဏီကို Hyundai Motors ဝယ်ယူလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ Hyundai Motors ဟာ SoftBank အုပ်စုကနေ သုတေသနနဲ့ ဖွံ့ဖြိုးရေးကုမ္ပဏီကို ဒေါ်လာ ၁ ဘီလျံ နီးပါးနဲ့ ဝယ်ယူလိုက်တယ်လို့ The Korea Economic Daily ကဖော်ပြခဲ့ပါတယ်။

0Boston Dynamics ဟာ လုပ်ငန်းထဲမှာ အဆင့်မြင့်စက်ရုပ်တွေကို ထုတ်လုပ်နေတဲ့ ကမ္ဘာကျော်ကုမ္ပဏီ ဖြစ်ပါတယ်။ လုပ်ငန်းပြင်ပမှာ သုတေသနလုပ်ငန်းကို လုပ်ကိုင်နေပြီး ၂၀၁၅ ခုနှစ်အတွင်း DARPA Robotics Challenge Finals အတွက် လူသားပုံစံ စက်ရုပ်ကို ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင်တွေက စက်ရုပ် သရုပ်ပြသမှု ပိုလွန်တဲ့ အရာမျိုး မထုတ်ပြန်ထားပါဘူး။

Boston Dynamics ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ Google ကပထမဆုံးအကြိမ် ဝယ်ယူခဲ့ပါတယ်။ လေးနှစ်အကြာမှာ ဂျပန် Softbank အုပ်စုထံ ရောင်းချခဲ့ပါတယ်။

စိုးထက်
Ref: Gizmodo

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««