စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်မယ့် ‘Galaxy Unpacked for Every Fan’ ပွဲ

Samsung ဟာ ဩဂုတ် ၅ ရက်က Note 20, Note 20 Ultra, Galaxy Tab S7 Plus, Galaxy Watch 3 နဲ့ Galaxy Buds Live တို့ကို မိတ်ဆက်ဖို့ Unpacked ပွဲကို ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ Samsung ဟာ ထုတ်ကုန်သစ်တွေ ထပ်မံ မိတ်ဆက်ဖို့ နောက်ထပ် Unpacked ပွဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။

Samsung က ပွဲအမည်ကို ‘Galaxy Unpacked for Every Fan’ လို့ပေးထားပြီး ဘာထုတ်ကုန် မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ S20 ထက်ဈေးသက်သာတဲ့ Galaxy S20 Fan Edition ဖုန်းကို မိတ်ဆက်နိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အစောပိုင်း ပေါက်ကြားမှုအရ Galaxy S20 Fan Edition ဖုန်းမှာ မျက်နှာပြင် ၆.၄ လက်မ၊ ကျောဘက်မှာ ပလတ်စတစ် matte ဒါမှမဟုတ် frost ကိုအသုံးပြုထားဖွယ် ရှိပါတယ်။ ကင်မရာတွေကလည်း အသင့်အတင့်ရှိပြီး ဘက်ထရီကတော့ 4,500mAh ဖြစ်တယ်လို့ သိရပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««