စက်တင်ဘာ ၂၂ ရက်မှာ ထွက်ရှိမယ့် Nokia 7.3

ဒီလနှောင်းပိုင်းအတွင်း Nokia 7.3 ဖုန်းထွက်ရှိမယ်လို့ သတင်းအချက်အလက်ဖော်ထုတ်သူ တစ်ဦးက ပြောကြားသွားပါတယ်။ ဒီလအတွင်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Nokia 9.3 flagship ကတော့ မထွက်သေးပါဘူး။

Nokia အနေနဲ့ 7.3 ထွက်ရှိဖို့ 7.2 ကိုဖျက်သိမ်းလိုက်ပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဖင်လန်နဲ့ အခြားနိုင်ငံက Nokia အွန်လိုင်းစတိုးတွေမှာ ဆက်လက်မရောင်းချတော့ပါဘူး။ HMD ဟာ စက်တင်ဘာ ၂၂ ရက်မှာတော့ Nokia 7.3 ဖုန်းအပြင် အခြားဖုန်းတွေကိုလည်း မိတ်ဆက်နိုင်တယ်လို့ ကောလာဟလ ထွက်နေပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««