စက်တင်ဘာ ၁ ရက်မှာ မိတ်ဆက်မယ့် Samsung Galaxy Z Fold 2

Samsung ဟာ ဩဂုတ်လ ၅ ရက်က Galaxy Unpacked ပွဲကို ပြုလုပ်ထားပေမယ့် အားရပုံ မရသေးပါဘူး။ အခုဆိုရင် Galaxy Unpacked Part 2 ကို စက်တင်ဘာလ ၁ ရက်မှာ ထပ်မံ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ ပိုစတာအရ ပွဲအတွင်း Galaxy Z Fold 2 ကို အသေးစိတ် မိတ်ဆက်ဖွယ် ရှိပါတယ်။ အရင်က ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာလည်း Galaxy Z Fold 2 ကို အနည်းငယ်ပဲ မိတ်ဆက်ပေးခဲ့ပါတယ်။

Samsung Galaxy Z Fold 2 နဲ့ပတ်သက်တဲ့ ပေါက်ကြားထွက်ပေါ်မှုနဲ့ review ဗီဒီယိုများစွာလည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ Galxy Z Fold 2 ရဲ့ software နဲ့ hardware ပိုင်းကတော့ သိရှိပြီး ဖြစ်ပေမယ့် ဈေးနှုန်းပဲ မိတ်ဆက်ဖို့ ကျန်ပါတော့တယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««